“ လမ်းကလေး ” လျှောက်လာတဲ့ သားငယ်

“ လမ်းကလေး ” လျှောက်လာတဲ့ သားငယ်

ဖေဖော်ဝါရီ ၂ ။          ။ Myanmar Idol Season 2 Winner ဖြစ်သော သားငယ်၏ တေးစီးရီး “ လမ်းကလေး” သီချင်းခွေကို ယနေ့ ဖေဖော်ဝါရီလ ၂ ရက်တွင် စတင်ဖြန့်ချိခဲ့တယ်လို့ သိရပါတယ်။

Myanmar Idol Season 2 Winner အဖြစ် ဆုရရှိတာကြောင့် ထုတ်ပေးခဲ့တာ ဖြစ်တဲ့ ဒီသီချင်းခွေမှာ သီချင်း ၁၄ ပုဒ် ပါဝင်ပြီး အခွေထွက်ရှိတဲ့နေ့မှာပဲ စာနယ်ဇင်းမိတ်ဆက်ပွဲကို ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

“ သီချင်းပုံစံကတော့ အစုံပါပဲ။ ကျွန်တော်ကတော့ ရော့ခ်ဆိုချင်တဲ့သူဆိုတော့ ရော့ခ်ဘက်ကိုတော့ များများလေးတော့ ဆွဲထားတယ်ပေါ့” လို့ သားငယ်က ပြောပါတယ်။

ရခိုင်ပြည်နယ် မာန်အောင်ကျွန်းဇာတိဖြစ်သော Myanmar Idol Season 2 Winner ဆုရှင် သားငယ်သည် ပြီးခဲ့သည့်နှစ် မတ်လ ၂၅ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းရှိ Hexagon Complex ၌ ကျင်းပပြုလုပ်ခဲ့သော Grand Final ပွဲတွင် ပြိုင်ပွဲဝင် ဘီလီလမင်းအေးနှင့် သီဆိုယှဉ်ပြိုင်ခဲ့ကြရာတွင် သားငယ်က Myanmar Idol Season 2 Winner အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရခြင်းဖြစ်သည်။

သားငယ်က သူ့အခွေ ထွက်ဖြစ်အောင် အားပေးခဲ့ကြတဲ့ Vote ခဲ့ကြတဲ့ Myanmar Idol Season 2က ပရိသတ်တွေကို ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

“ အမှတ်တရကတော့ အထွေအထူးမရှိပါဘူး။ အခွေက ဆုရတဲ့အထဲမှာပါတယ်ဆိုတော့ ဟိုးအရင်ကတည်းက Vote ပေးခဲ့တဲ့သူတွေကိုတော့ ကျေးဇူးတင်ရမှာပေါ့။ သူတို့ကြောင့် ဒီလိုမျိုး အခွေထုတ်ခွင့်ရတာလေ” လို့ သူက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required