မန်ချက်စတာစီးတီးအသင်းဟာ ဗုဒ္ဓဟူးနေ့က နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ပွဲချိန် ၁၁ မိနစ်မှာ ဒဏ်ရာကြောင့် ကွင်းတွင်းမှ ခြေထော့နဲ့ဖြင့် ထွက်ခွာသွားခဲ့တဲ့ အသင်းခေါင်းဆောင် ကွန်ပနီရဲ့ ဒဏ်ရာအခြေအနေကို စောင့်ကြည့်ရမယ်လို့ သိရပါတယ်။
“ကွင်းအတွင်းမှာ ဘာဖြစ်သွားတယ်ဆိုတာ ကျနော် ဘာမှ မသိလိုက်ရပါဘူး”လို့ နည်းပြ ဂွာဒီယိုလာက ပြောကြားခဲ့ပါတယ်။ “ကံမကောင်းစွာဘဲ သူ နောက်တစ်ကြိမ် ဒဏ်ရာရရှိခဲ့ပြန်ပါတယ်။ အချိန်ဘာလောက်ကြာကြာ အနားယူရမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။”လို့ ဆိုပါတယ်။
နောက်ဆုံးအကြိမ် ဒဏ်ရာက ပြန်သက်သာလာတဲ့ အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ ဒီဇင်ဘာ ၂၃ ရက်က ဘုန်းမောက်ကို ၄-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ပြန်လည်ပါဝင် ကစားခဲ့ပါတယ်။
၂၀၀၈ ကတည်းက ကလပ်အသင်းမှာ ကစားခဲ့တဲ့ ကွန်ပနီဟာ ဒီရာသီအစောပိုင်းက နိုင်ငံအသင်းနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့ပါတယ်။ သူဟာ နယူးကာဆယ်နှင့်ပွဲမှာ ပါဝင်ခဲ့တာဟာဆိုရင်ဖြင့် သူ့ရဲ့ ၁၀ ရာသီမြောက် ကစားခဲ့တာဖြစ်ပါတယ်။
Ref; BBC