အရပ်သားအစိုးရလက်ထက်တွင် လူ့အခွင့်အရေး တိုးတက်ပြောင်းလဲလာဟုဆို

အရပ်သားအစိုးရလက်ထက်တွင် လူ့အခွင့်အရေး တိုးတက်ပြောင်းလဲလာဟုဆို

ရန်ကုန် ဒီဇင်ဘာ ၁၀ ။            ။ အရပ်သားအစိုးရလက်ထက်တွင် လူ့အခွင့်အရေး တိုးတက်ပြောင်းလဲလာခဲ့မှုများရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက် သော နှစ် ရ၀ ပြည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးနေ့အခမ်းအနားတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

"သိသိသာသာပြောင်းလဲတိုးတက်လာပြီလို့ ပြော လို့ ရပါတယ်၊ စစ်အာဏာရှင်လက်ထက်တုန်းက ဆိုရင် လူ့အခွင့်အရေးကြေညာစာတမ်းကို ဖြန့်ဝေ လို့တောင်မရဘူး၊ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးပြောဆိုတာတွေလည်း မရခဲ့ဘူး၊ ကမ႓ာ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို ဖြန့်ဝေလို့ အရေးယူခံရသူတွေ ရှိခဲ့တယ်၊ ဖမ်းဆီးချုပ်နှောင် ခံရသူတွေလည်းရှိခဲ့တယ်၊ ဒီနေ့မှာတော့ ကမ႓ာ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို ကျယ်ကျယ် ပြန့်ပြန့် ဖြန့်ဝေဟောပြောခွင့်တွေ ပြုလုပ်နိုင်ပြီ ဖြစ်တဲ့အတွက် တိုးတက်လာပြီလို့ ပြောလို့ရပါ တယ်" ဟု အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ပြောသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ လူ့အခွင့်အရေး ဆိုင်ရာ ချိုးဖောက်မှုများရှိခဲ့ပြီး နိုင်ငံတကာမှ ပြစ် တင်ရှုံ့ချမှုများလည်း ခံစားခဲ့ရကြောင်း၊ လူ့အခွင့် အရေးဆိုင်ရာ ရပိုင်ခွင့်များအတွက် ဆက်လက် ဆောင်ရွက်စရာများရှိနေသေးကြောင်း ၄င်းက ဆက်ပြောသည်။

ယင်းအခမ်းအနားကို လူ့အခွင့်အရေး ကာကွယ်မြှင့် တင်သူများအဖွဲ့နှင့် အရပ်ဖက်အဖွဲ့အစည်း ၁၀ ခုတို့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ညီမျှခြင်းမြန်မာအဖွဲ့(Equality Myanmar)၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက မြန်မာ နိုင်ငံတွင် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ် တိုးတက် လာမှုများရှိသော်လည်း တစ်ချို့နေရာများတွင် ဒုံရင်း ဒုံရင်းသာရှိသည်ဟု ပြောသည်။

"တစ်ချို့နေရာတွေမှာ တိုးတက်လာတာရှိတယ်၊ တစ်ချို့နေရာတွေမှာတော့ ဒုံရင်း ဒုံရင်းပဲ၊ တစ်ချို့ နေရာတွေမှာ ပိုမိုဆိုးရွားသွားတယ်လို့ ပြောလို့ရ တယ်၊ ဘယ်နေရာတွေမှာ တက်လာလဲဆိုရင်တော့ အရင်တုန်းက မရှိခဲ့တဲ့ ကလေးသူငယ်အခွင့်အရေး တို့၊ အမျိုးသမီးဆိုင်ရာအခွင့်အရေးတို့ ပေါ်ပေါက် လာဖို့အတွက် လုပ်ဆောင်တာ၊ လွှတ်တော်မှာ နောက်ဆုံးအဆင့်ရောက်ပါပြီ၊ ဒါက ကျွန်တော်တို့ တစ်ကယ့်ကို ကာကွယ်ဖို့လိုအပ်တဲ့ ကလေးသူငယ် ဆိုင်ရာ၊ အမျိုးသမီးဆိုင်ရာ အကာအကွယ်ပေးတဲ့ အပိုင်းတွေမှာ တိုးတက်လာတယ်၊ ဒုံရင်း ဒုံရင်း ဖြစ်တာကတော့ စစ်ကို ကျွန်တော်တို့ မတားနိုင် သေးဘူး" ဟု ညီမျှခြင်းမြန်မာ အဖွဲ့(Equality Myanmar)၏ အမှုဆောင်ဒါရိုက် တာ ဦးအောင်မျိုးမင်းက ပြောသည်။

ယင်းအခမ်းအနားကို ရန်ကုန်၊ အလုံမြို့နယ်၊ သခင် မြ ပန်းခြံတွင် ယနေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ပြီး EU ၊ အမေရိကန်၊ ဆွီဒင်၊ သြစတေးလျ သံအမတ် ကြီးများနှင့် အရပ်ဖက်အဖွဲ့အစည်းများလည်း တက် ရောက်ခဲ့ကြသည်။ အခမ်းအနားကို ၆၉ ကြိမ် မြောက်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ထုတ်ပြန်ကြေညာချက်စာတမ်းနှင့် လူ့အခွင့်အရေး ဆိုင်ရာ စာရွက်စာတမ်းများ ဖြန့်ဝေခဲ့ကာ ပျော်ပွဲ ရွှင်ပွဲများ ကျင်းပခဲ့သည်။

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုချမှတ်ထုတ်ပြန် ကြေညာခဲ့ပြီး မြန်မာနိုင်ငံသည် ထိုကြေညာစာတမ်း ကို ပထမဦးဆုံးထောက်ခံသည့်နိုင်ငံများထဲတွင် ပါ၀င်သည်။

ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအရ လူသားတစ်ယောက်အနေဖြင့် ငြင်းပယ်မရသော လူသား အားလုံးနှင့်ဆိုင်သည့် အခွင့်အရေးများကို လူမျိုး၊ အသားအရောင်၊ အမျိုးသား၊ အမျိုးသမီး၊ ဘာသာစကား၊ ကိုးကွယ်သည့်ဘာသာ၊ နိုင်ငံရေး သို့မဟုတ် အခြားအယူအဆ၊ နိုင်ငံသား သို့မဟုတ် လူမှုအဆင့်အတန်းနှင့် ဆိုင်သော ဇစ်မြစ်၊ ပစ္စည်းဥစ္စာဂုဏ်၊ မျိုးရိုးဇာတိဂုဏ်နှင့် အခြားအဆင့်အတန်းစသည့် ခွဲခြားမှုမရှိစေဘဲ အတည်ပြုပေးခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required