ပိုကီမွန်ရုပ်ရှင် Detective Pikachu ၌ ပါ၀င်သရုပ်ဆောင်မည့် ရိုင်ယန်ရေးနိုးလ်

ပိုကီမွန်ရုပ်ရှင် Detective Pikachu ၌ ပါ၀င်သရုပ်ဆောင်မည့် ရိုင်ယန်ရေးနိုးလ်

ဒီဇင်ဘာ ရ။            ။ ဂျပန်အန်နီမေးရှင့်ဇာတ်လမ်းတွဲနှင့် ဂိမ်းစီးရီးဖြစ်သော ပိုကီမွန်ကို ပထမဦးဆုံးအကြိမ် လူနှင့်အသက်သွင်း ရိုက်ကူးမည့် Detective Pikachu ဇာတ်ကား၌ မင်းသားရိုင်ယန်ရေးနိုးလ်က ပါ၀င်သရုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

Detective Pikachu ဇာတ်ကားကို Goosebumps ဇာတ်ကား၏ဒါရိုက်တာ ရော့ဘ်လက်တာမန်းက ရိုက်ကူး မည်ဖြစ်ပြီး နစ်ကိုးလ်ပါလ်မန်းနှင့် အဲလက်ဟာ့စ်ချ်တို့က ဇာတ်ညွှန်းရေးသားမည်ဖြစ်သည်။

ရိုင်ယန်ရေးနိုးလ်နှင့်အတူ အခြားသရုပ်ဆောင်များဖြစ်ကြသော ဂျက်စတစ်စမစ်နှင့် Big Little Lies ဇာတ်ကားမှ မင်းသမီးဖြစ်သူ ကတ်သရင်းနယူတန်တို့က ပါ၀င်သရုပ်ဆောင်သွားကြမည်ဖြစ်သည်။

Detective Pikachu ဇာတ်ကားထဲ၌ စမစ်က ပြန်ပေးဆွဲခံခဲ့ရသော ဖခင်တစ်ဦး၏သားဖြစ်သူ ဆယ်ကျော်သက် အရွယ်ကောင်လေးအဖြစ် သရုပ်ဆောင်မည်ဖြစ်ပြီး သူ၏ဖခင်ကိုရှာဖွေရန်အတွက် ပီကာချူးအဖြစ်သရုပ်ဆောင် မည့် ရိုင်ယန်ရေးနိုးလ်နှင့်အတူ ပူးပေါင်းရမည်ဖြစ်သည်။ ထို့အတူ နယူတန်က ဂျာနယ်လစ်အဖြစ် သရုပ်ဆောင် မည်ဖြစ်သည်။

၁၉၉၆ ခုနှစ်က ဂျပန်နိုင်ငံ၌ စတင်မိတ်ဆက်ခဲ့သည့် ပိုကီမွန်သည် ကမ္ဘာတစ်ဝန်း၌ ဗီဒီယိုဂိမ်းပေါင်း ၃၀၀ မီလျံ နီးပါးရောင်းချနိုင်ခဲ့ပြီး နိုင်ငံပေါင်း ရ၄ နိုင်ငံသို့ ကတ်ပေါင်း ၂၃ ဘီလျံခန့်တင်ပို့ခဲ့ရကာ အန်နီမေးရှင်းဇာတ်လမ်း တွဲမှာလည်း အတွဲပေါင်း ၂၀ရှိခဲ့သည်အထိ အောင်မြင်ကျော်ကြားခဲ့သည်။

ယင်း Detective Pikachu ဇာတ်ကား၏ဖြန့်ချီရေးကို ဂျပန်နိုင်ငံအပြင်ဘက်တွင် Universal Pictures နှင့် Legendary တို့ကတာဝန်ယူသွားမည်ဖြစ်ပြီး ဂျပန်နိုင်ငံအတွင်းဖြန့်ချီရေးကိုမူ ပိုကီမွန်ကုမ္ပဏီ၏ ရုပ်ရှင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်သူ Toho က တာဝန်ယူသွားမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required