ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အုပ်စုပွဲစဉ်တိုင်း ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာတဲ့ စီရော်နယ်လ်ဒို

ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အုပ်စုပွဲစဉ်တိုင်း ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာတဲ့ စီရော်နယ်လ်ဒို
(ဓာတ်ပုံ - UCL)

စီရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ရီးယဲလ်အသင်းက ဒေါ့မွန်အသင်းကို ၃-၂ ဂိုးနဲ့အနိုင်ရတဲ့ ပွဲမှာ ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်သမိုင်းမှာ စံချိန်သစ်တစ်ခုကို မှတ်တမ်းရေးထိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရီးယဲလ်အသင်းမှ အဖွင့်ဂိုးကို ဘော်ဂျာ မာရိုရယ်လ်က သွင်းယူခဲ့ပြီးနောက် သိပ်မကြာလိုက်ပဲ စီရော်နယ်လ်ဒိုက ဒုတိယဂိုးကို ဂိုးစည်းထိပ်မှ လှလှပပ သွင်းယူပြီး ၂-၀ ဂိုးနဲ့ ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

ဒီဂိုးကြောင့် စီရော်နယ်လ်ဒိုဟာ ၂၀၁၇-၁၈ ရာသီ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တိုင်း ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်လာပြီး စုစုပေါင်း သွင်းဂိုး ၉ ဂိုးထိရှိလာပါတယ်။ 

ဒါ့ကြောင့် စီရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အုပ်စုပွဲစဉ် (၆)ပွဲစလုံး ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာပါတယ်။ ဒါကတော့ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဘယ်ကစားသမားမှ ပွဲတိုင်း ဂိုးမသွင်းယူနိုင်တဲ့ မှတ်တမ်းသစ်ကို ရော်နယ်လ်ဒိုက ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် အသက် ၃၂ အရွယ်ကစားသမားဟာ ချန်ပီယံလိဂ်သွင်းဂိုး ၁၁၄ ဂိုးထိ ရှိလာပြီး ပြိုင်ပွဲတစ်လျှောက် ဂိုးအများဆုံးသွင်းယူသူအဖြစ် စံချိန်မှတ်တမ်းတင်ထားခဲ့ပြန်ပါတယ်။

ဒါ့အပြင် စီရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အုပ်စုပွဲစဉ်များအတွင်း ဂိုးအများဆုံးသွင်းသူများစာရင်းမှာ မက်ဆီ (ဂိုး ၆၀) အရေအတွက်နှင့် တူညီသွားပြီဖြစ်ပါတယ်။

Ref; Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required