ခရစ်စမတ်အမီ ဖွင့်လှစ်မည့် ညောင်ချောင်းသာ အပန်းဖြေစခန်း

ခရစ်စမတ်အမီ ဖွင့်လှစ်မည့် ညောင်ချောင်းသာ အပန်းဖြေစခန်း

 

ရန်ကုန် ဒီဇင်ဘာ ၄ ။                           ။ ညောင်ချောင်းသာအပန်းဖြေစခန်းကို ယခုနှစ် ခရစ် စမတ်ကျောင်းပိတ်ရက်အမီ ဖွင့်လှစ်နိုင်ရန် ပြင်ဆင် ဆောင်ရွက်နေပြီဖြစ်ကြောင်း ညောင်တုန်းမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ယခင်နှစ်များက ဖေဖော်ဝါရီလများတွင်သာ ဖွင့်လှစ် လေ့ရှိသော်လည်း ယခုနှစ်တွင် စောစီးစွာဖွင့်လှစ် နိုင်ရန် ဒီဇင်ဘာ ၅ ရက်နေ့မှ စတင်၍ ကမ်းခြေဆင်း လမ်းဖောက်လုပ်ခြင်း၊ မြောင်းကူးတံတားတည် ဆောက်ခြင်းနှင့် ကမ်းခြေဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ခြင်းများကို စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

" အရင်နှစ်ကထက် စောစောဖွင့်နိုင်အောင် ရည် ရွယ်ထားတာပေါ့၊ ဆိုင်ခန်းတွေကို ကမ်းခြေမှာ အဆင်ပြေအောင် နေရာချပေးသွားမယ်၊ လာ ရောက်အပန်းဖြေသူတွေ အဆင်ပြေအောင် အစစအရာရာ ဆောင်ရွက်သွားမှာပါ" ဟု ညောင်တုန်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးအောင်မျိုးဝင်းက ပြောသည်။

ညောင်တုန်းမြို့နယ် ဗိုလ်မြတ်ထွန်းတံတားအနီး သောင်ပြင်ပေါ်တွင် နေ ရာပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည့် ညောင်ချောင်းသာ ကမ်းခြေအသစ်သည် သောင်ပြင်များ စတင်ပေါ် ထွန်းနေပြီး အပန်းဖြေရန်အသင့်အနေအထားရှိ နေသည်။ ကမ်းခြေမှာ ပေ ၁၀၀၀ ကျော်ရှိပြီး၊ ပေ ၁၀၀၀ ပမာဏကွက်တိသာ အပန်းဖြေစခန်း အဖြစ် အသုံးပြုမည်ဖြစ်ကြောင်း ညောင်တုန်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မျိုး ဝင်းက ပြောသည်။

လက်ရှိအနေအထားတွင် ကမ်းခြေ၌ ဆိုင်ခန်းများ ဆောက်လုပ်ရခြင်းမရှိသေးသော်လည်း စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ရန်ကုန်မြို့မှ ခရီး သွားများနေ့စဉ် အယောက် ၅၀ ခန့် ၀င်ရောက် မှုများ ရှိနေပြီဖြစ်သည်။ ကမ်းခြေစတင်ဖွင့်လှစ်နိုင် ရေးအတွက် ကမ်းခြေစီမံခန့်ခွဲရေးကော်မတီနှင့် လုံခြံုရေးဆိုင်ရာကော်မတီများကို စတင်ဖွဲ့စည်းပြီး ဖြစ်ကာ ဒီဇင်ဘာလဆန်းပိုင်းတွင် ဆိုင်ခန်းများ စတင်ဆောက်လုပ်၍ နေရာချထားပေးခြင်း လေ လံတင်ရောင်းချခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာကျေးရွာရှိ ညောင်ချောင်းသာ အပန်း ဖြေ ကမ်းခြေကို ၂၀၁၁ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ ပြီး ရန်ကုန်မှ နေ့ချင်းပြန်သွားရောက်အပန်းဖြေသော ခရီးဖြစ်သည့်အတွက် နှစ်စဉ် စည်ကားလေ့ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required