ကိုပါလီဘာတာဒိုရက်စ်ဖလားကို ဂရီမီယိုအသင်း ၃ ကြိမ်မြောက် ဗိုလ်စွဲ

ကိုပါလီဘာတာဒိုရက်စ်ဖလားကို ဂရီမီယိုအသင်း ၃ ကြိမ်မြောက် ဗိုလ်စွဲ

ဘရာဇီးကလပ် ဂရီမီယိုအသင်းဟာ အာဂျင်တီးနားကလပ် လာနက်စ်အသင်းကို ၂-၁ ဂိုးနဲ့အနိုင်ရပြီး ကိုပါလီဘာတာဒိုရက်စ်ဖလားကို ၃ ကြိမ်မြောက် ဆွတ်ခူးရရှိသွားခဲ့ပါတယ်။

တောင်အမေရိကတိုက်ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲလို့ခေါ်ဝေါ်ကြတဲ့ ကိုပါလီဘာတာဒိုရက်စ်ပြိုင်ပွဲဟာ ၁၉၆၀ ခုနှစ်ကတည်းက ကျင်းပနေတဲ့ သက်တမ်းရင့်ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။

ဂရီမီယိုအသင်းဟာ လာနက်စ်အသင်းကို အိမ်ကွင်းမှာ တစ်ဂိုး၊ ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီး အဝေးကွင်းမှာ နှစ်ဂိုး၊ တစ်ဂိုးနဲ့ ထပ်မံ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒုတိယအကျော့မှာ ဂရီမီယိုအသင်းအတွက် အနိုင်ဂိုးတွေကို ဖာနန်ဒင်ဟိုနဲ့ လူယန်တို့က သွင်းယူပေးခဲ့ကြပြီး ဟိုဆေးဆန်က လာနက်စ်အတွက် ချေပဂိုးသွင်းပေးခဲ့ပါတယ်။ ဂရီမီယိုတိုက်စစ်ကစားသမား လူယန်ဟာ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။

ထောင်ပေါင်းများစွာသော ဂရီမီယိုပရိသတ်တွေဟာ ပေါ်တိုအလီဂရီမြို့လမ်းမတွေပေါ်မှာ အောင်ပွဲခံခဲ့ကြပါတယ်။ ဂရီမီယိုအသင်းဟာ ကိုပါလီဘာတာဒိုရက်စ်ဖလားကို ၁၉၉၅ ခုနှစ်က နောက်ဆုံးရရှိခဲ့တာ ဖြစ်ပြီး တတိယအကြိမ် အောင်မြင်မှုရဖို့ ၂၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required