ထူးခြားသည့်ဇာတ်ရုပ်ဖြင့် နေတိုးပါ၀င်သည့် တာတေကြီး ရုပ်ရှင် နိုဝင်ဘာလထဲတွင် ရုံတင်မည်

ထူးခြားသည့်ဇာတ်ရုပ်ဖြင့် နေတိုးပါ၀င်သည့် တာတေကြီး ရုပ်ရှင် နိုဝင်ဘာလထဲတွင် ရုံတင်မည်

ရန်ကုန် ၊ နိုဝင်ဘာ ရ ။            ။ လူစွမ်းကောင်း ရုပ်ရှင် ထုတ်လုပ်ရေးမှ စီစဉ်ပြီး ဒါရိုက်တာ ၀ိုင်း ပုံဖော် ရိုက်ကူးထားသည့် တာတေကြီး ရုပ်ရှင် ဇာတ်ကားကို နိုဝင်ဘာ ၁၇ရက် သို့မဟုတ် နိုဝင်ဘာ ၂၄ရက်တွင် မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံ များတွင် တစ်ပြိုင်တည်း ပြသသွားမည် ဖြစ်သည်။

တာတေကြီး ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲကို နိုဝင်ဘာ ၃ရက်တွင် ရန်ကုန်မြို့ရှိ သမ္မတ ရုပ်ရှင်ရုံ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ထုတ်လုပ်သူ ၊ ဒါရိုက်တာ နှင့် ပါ၀င် သရုပ်ဆောင်ထားကြသည့် သရုပ်ဆောင်များ တက်ရောက်ခဲ့ကြသည်။

ဇာတ်လမ်း မင်းတေဇ ၊ ဇာတ်ညွှန်း သီဟစိုး ၊ ဒါရိုက်တာ ၀ိုင်း မှ ပုံဖော် ရိုက်ကူးထားကာ သရုပ်ဆောင်များ အဖြစ် ​ ​နေတိုး ၊ ​ရွှေသမီး ၊ ​ဇော်​ဦး ၊ ညီ​ဂျော်​ ၊ လူမုန်​း ၊ ကိုကိုဦး ၊ ​အောင်​မိုး ၊ ဦးဝင်​းမြိုင်​ ၊ သိဂီ င်္ထွန်​း ၊ ​ဒေါ်နွဲ့နွဲ့စန်​း ၊ ​ချော​ချော ၊ စင်​သီယာ ၊ အိစိ​ကွေး ၊ ဇာဇာဘုန်​းမြတ်​နဲ့ အခြားသရုပ်​​ဆောင်​များစွာတို့ မှ ပါဝင်​ သရုပ်ဆောင်ထားကြသည်။

တာတေကြီး ရုပ်ရှင်ဇာတ်ကား သည် ၂၀၁၅ ခုနှစ်၌ ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး တာတေ မိန်းမလျာ ဇာတ်ကောင်အတွက် အဝတ်အစား ၊ မိတ်ကပ်ပိုင်းတို့ကို သေချာ ပြင်ဆင်ခဲ့ပြီး အဝတ်အစားဒီဇိုင်းကို ဒီဇိုင်နာမင်းသက်စံက တာဝန်ယူပြင်ဆင်ပေးခဲ့ပြီး မိတ်ကပ်ပိုင်းကိုတော့ မေဦးက တာဝန်ယူပေးခဲ့သည်။

ထို ရုပ်ရှင်ဇာတ်ကားကြီးတွင် လူတန်းစား ခွဲခြားခြင်းခံရသည့် မိန်းမလျာအကြောင်း ၊ နိုင်ငံအတွင်းရှိ မြေယာသိမ်းကိစ္စများလည်း အနည်းအကျဉ်း ထည့်သွင်းထားကာ သရဲကားဇာတ်ကား တစ်ကားလည်း ဖြစ်သည်။

သရုပ်ဆောင်နေတိုးအနေဖြင့် တာတေ ဆိုသည့် Gay တစ်ယောက် အဖြစ် ပါ၀င် သရုပ်ဆောင် ထားကာ မြင်နေကျ ပုံစံထက် ခွဲထွက်ပြီး အမြင်သစ် တစ်မျိုးအဖြစ် တွေ့မြင်ရမည် ဖြစ်ကာ ၎င်းအတွက် ထိုဇာတ်ကား သည် စိန်ခေါ်မှုအသစ် တစ်ခုလည်း ဖြစ်သလို ခက်ခက်ခဲခဲ သရုပ်ဆောင် ထားရသည့် ဇာတ်ဝင်ခန်း များလည်း ပါ၀င် ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required