၂၀၁၈ ခုနှစ် နယ်လှည့်ဖျော်ဖြေပွဲခရီးစဉ်အား Maroon 5 ကြေညာ

၂၀၁၈ ခုနှစ် နယ်လှည့်ဖျော်ဖြေပွဲခရီးစဉ်အား Maroon 5 ကြေညာ

 

Maroon 5 အဖွဲ့သည် လာမည့်နိုဝင်ဘာလ ၃ ရက်တွင် ဖြန့်ချီမည့် ၎င်းတို့၏အယ်လ်ဘမ်သစ် Red Pill Blues မထွက်ရှိမီတွင် လာမည့် ၂၀၁၈ တွင် ကျင်းပသွားမည့် ၎င်းတို့၏နယ်လှည့်ဖျော်ဖြေပွဲ ခရီးစဉ်အား ကြေညာခဲ့ သည်။

ထိုခရီးစဉ်၏ ပွဲဦးထွက်ဖျော်ဖြေပွဲအား ၂၀၁၈ မေလ ၃၀ ရက်နေ့တွင် ဝါရှင်တန်ပြည်နယ်ရှိ တာကိုမာမြို့မှ တာကိုမာမိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။   မြို့ကြီးများ၌ပြုလုပ်သွားမည့် ဖျော်ဖြေပွဲ များအတွက် လက်မှတ်များကို လာမည့်နိုဝင်ဘာလ ၄ ရက်နေ့မှ စတင်၍ ရောင်းချသွားမည်ဖြစ်သည်။

Maroon 5 အဖွဲ့၏ အယ်လ်ဘမ်အသစ် Red Pill Blues ကို အဒမ်လက်ဗင်းနှင့် ဂျေကတ်ရှ်တို့က ထုတ်လုပ်ထား ပြီး SZA၊ ၊ Julia Michaels ၊ A$AP Rocky နှင့် LunchMoney Lewis တို့က ပါဝင်သီဆိုပေးထားသည်။

Maroon 5 သည် ထိုအယ်လ်ဘမ်ထဲမှ SZA ပါဝင်သီဆိုထားသော What Lovers Do သီချင်းကို ကနဦးစတင် ဖြန့်ချီခဲ့ပြီး ထို့နောက်တွင် Julia Michaels ပါဝင်သီဆိုထားသော Help Me Out နှင့် A$AP Rocky ပါဝင်သီဆို ထားသော Whiskey တို့ကို တစ်ပုဒ်ချင်းစီ ဆက်လက်ဖြန့်ချီခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required