မန်စီးတီးအသင်းတွင်သာ စတာလင်း ကာလရှည်ဆက်ကစားလို

မန်စီးတီးအသင်းတွင်သာ စတာလင်း ကာလရှည်ဆက်ကစားလို

အောက်တိုဘာ ၁၇၊ မန်ချက်စတာ။             ။ အင်္ဂလန်လက်ရွေးစင် ရာဟင် စတာလင်းက ၎င်း၏ကာလရှည်အနာဂါတ်မှာ မန်ချက်စတာစီးတီးအသင်းတွင်သာရှိကြောင်း ပြောဆိုလိုက်သည်။

အာဆင်နယ်အသင်းသည် နွေရာသီတွင်ဆန်းချက်ဇ်၏အပြောင်းအရွှေ့အစိတ်အပိုင်းတစ်ခုအဖြစ် တောင်ပံတိုက်စစ်မှူး စတာလင်းကို ခေါ်ယူရန်ဆန္ဒရှိခဲ့သည်။

ယင်းအချိန်က မန်စီးတီးနည်းပြဂွာဒီယိုလာက အသက် ၂၂ နှစ်အရွယ်ကစားသမားဖြစ်သူအသင်းပြောင်းရန် လုံးဝမဖြစ်နိုင်ဟု ပြောဆိုခဲ့ဖူးသည်။

မန်စီးတီးအသင်းတွင်ကာလရှည်ဆက်ကစားမည်လားဆိုသည့်မေးခွန်းကို စတာလင်းက “ဟုတ်ကဲ့ ကျွန်တော်ငါးနှစ် စာချုပ်ထား ပါတယ်။ နှစ်နှစ်ခွဲကျန်ပါသေးတယ်”ဟု ပြောသည်။

စတာလင်းသည် ၂၀၁၅ တွင် လီဗာပူးလ်မှ ပေါင် ၄၉ သန်းဖြင့်ပြောင်းလာသူဖြစ်သည်။ စတာလင်းအနေဖြင့် အသင်းပြောင်းရန် စိတ်ဝင်စားနေကြောင်း သြဂုတ်လအတွင်းက သတင်းထွက်ခဲ့သေးသည်။

ယင်းနှင့်ပတ်သက်ပြီး စတာလင်းက “ကျွန်တော့်မှာ မကောင်းတဲ့အတွေးတစ်ခုမရှိတာကြောင့် အဲဒီသတင်းအတွက် မစိုးရိမ်ပါဘူး”ဟု ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required