တရုတ်ဘောလုံးလောကမှာ နောင်နှစ် ၅၀ ကြာလျှင်တောင် ထိပ်တန်းသို့ရောက်လာမည်မဟုတ်ဟု တီဗက်ဇ် ပြော

တရုတ်ဘောလုံးလောကမှာ နောင်နှစ် ၅၀ ကြာလျှင်တောင် ထိပ်တန်းသို့ရောက်လာမည်မဟုတ်ဟု တီဗက်ဇ် ပြော

 

စက်တင်ဘာ ၂၂၊ ပြင်သစ် ။                 ။ ရှန်ဟိုင်းရှင်ဟွာအသင်းမှာ ကစားနေတဲ့ အာဂျင်တီးနားတိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်က တရုတ်ဘောလုံးလောကဟာ နောင်နှစ် ၅၀ ကြာရင်တောင် ထိပ်တန်းအဆင့်ကို ရောက်လာမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

တီဗက်ဇ်ဟာ တရုတ်ဘောလုံးလောကကို ရောက်ရှိနေတာ ၉ လ ရှိပြီဖြစ်ပြီး ၁၃ ပွဲသာ ပွဲထွက်ကစားထားရပါတယ်။ ၃ ဂိုးသာ သွင်းထားနိုင်တဲ့တီဗက်ဇ်ကို ရှင်ဟိုင်းရှန်ဟွာနည်းပြသစ် ဝူကျင်းကွေ့က မျှော်လင့်ထားသလောက် အလုပ်မဖြစ်တဲ့ တိုက်စစ်မှူးလို့ ဝေဖန်ထားပါတယ်။

ဒီလို ဝေဖန်မှုတွေခံခဲ့ရပြီးတဲ့နောက်မှာတော့ တီဗက်ဇ်က တရုတ်ဘောလုံးသမားတွေဟာ နည်းစနစ်ပိုင်းအားနည်းလွန်းတာကြောင့် နောင်အနှစ် ၅၀ ကြာရင်တောင် ထိပ်တန်းဘောလုံးနိုင်ငံတွေကို လိုက်မီမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

တီဗက်ဇ်ဟာ ရှန်ဟိုင်းရှင်ဟွာအသင်းမှာ တစ်ပတ်လစာငွေ ပေါင် ၆ သန်းခွဲရရှိနေသူဖြစ်ပြီး ကမ္ဘာ့ဘောလုံးလောကမှာ လစာငွေအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူ ဖြစ်ပါတယ်။ ရှန်ဟိုင်းရှင်ဟွာအသင်းကတော့ လက်ရှိမှာ ရလဒ်တွေဆိုးရွားနေပြီး အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required