မွန်မြတ်သည့်လုပ်ဆောင်မှုများအတွက် UNICEF ၏ အသိအမှတ်ပြုခြင်းခံခဲ့ရသည့် ချွိုင်းစီဝမ်

မွန်မြတ်သည့်လုပ်ဆောင်မှုများအတွက် UNICEF ၏ အသိအမှတ်ပြုခြင်းခံခဲ့ရသည့် ချွိုင်းစီဝမ်

Super Junior အဖွဲ့ဝင်ချွိုင်းစီဝမ်သည် သူ၏ မွန်မြတ်လှသော လုပ်ဆောင်မှုများအတွက် ယူနီဆက်ဖ် (UNICEF ) အဖွဲ့၏ အသိအမှတ်ပြုမှုကို လက်ခံရရှိခဲ့သည်။

အဆိုတော်နှင့်သရုပ်ဆောင်ဖြစ်သူ ချွိုင်းစီဝမ်သည် ယူနီဆက်ဖ်မှ သူ့ကိုပေးအပ်ထားသော အသိအမှတ်ပြုသည့် ဂုဏ်ပြုစာလွှာကို ဂုဏ်ယူဝင့်ကြွားစွာ ကိုင်ဆောင်ပြီး ဓာတ်ပုံရိုက်ခဲ့သည်။ ယင်းဓာတ်ပုံကို သူ၏အင်စတာဂရမ်၌ တင်ခဲ့ပြီး “ ယူနီဆက်ဖ်အဖွဲ့က အသိအမှတ်ပြုတဲ့ ဂုဏ်ပြုစာလွှာတစ်ခု ကျနော်ရရှိခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းက ကလေးငယ်တွေအတွက် ကျနော်စိတ်ရောကိုယ်ပါနှစ်မြှုပ်ပြီးတော့ ဆက်လက်လုပ်ကိုင်သွားမှာပါတယ်။ ကျေးဇူး တင်ပါတယ်” ဟု ရေးသားခဲ့သည်။

၂၀၁၅ခုနှစ် နိုဝင်ဘာလတွင် ချွိုင်းစီဝမ်သည် ယူနီဆက်ဖ်အဖွဲ့၏ ကိုရီးယားဌာနခွဲအတွက် အထူးကိုယ်စားလှယ် အဖြစ် အရွေးချယ်ခံခဲ့ရသည်။ သူသည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ပြီး ယူနီဆက်ဖ်အဖွဲ့အတွက် စေတနာ့ ဝန်ထမ်းအဖြစ် လုပ်ကိုင်သွားမည်ဟု ပြီးခဲ့သောလက ထုတ်ဖော်ပြောကြားခဲ့သည်။

လက်ရှိတွင် ချွိုင်းစီဝမ်သည် Revolutionary Love ဟုအမည်ရသော ဒရာမာဇာတ်လမ်းတွဲ၌ ကန်ဆိုရာနှင့်အတူ ပါဝင်သရုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required