ပြည်မြို့ခံ ပျူ FC ဘောလုံးအသင်း နှင့် အနုပညာရှင်များအသင်း တို့ ချစ်ကြည်ရေးဘောလုံးပွဲ ကစားမည်

ပြည်မြို့ခံ ပျူ FC ဘောလုံးအသင်း နှင့် အနုပညာရှင်များအသင်း တို့ ချစ်ကြည်ရေးဘောလုံးပွဲ ကစားမည်

ပြည်၊ သြဂုတ် ၁၈ ။             ။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ ခေတ္တရာမြို့သစ် မင်္ဂလာရွှေပြည်ဘောလုံးကွင်းတွင် သြဂုတ် ၁၉ ရက်၌ အနုပညာရှင်များအသင်း နှင့် ပြည်မြို့ခံဘောလုံးအသင်းတစ်ခုဖြစ်သည့် ပျူ FC ဘောလုံးအသင်းတို့ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

နေ့လည် ၂ နာရီတွင် ကွင်းဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဟားတစ်သိုက်လူရွှင်တော်အဖွဲ့ မှ စူပါလင်း ၊  ငြိမ်းချမ်း ၊ စိန်ပန်းသီး NEW STAR လူရွှင်တော်အဖွဲ့မှ ထွန်းကိုကို ၊ ထွန်းမင်း ၊ စွမ်းပြည့် ၊ ရွှေတံဆိပ် ဆုရှင် တေးသံရှင် တင်ဝင်းလှိုင် တို့က တေးသီချင်းများကို သီဆိုဖျော်ဖြေမှုများပြုလုပ်မည်ဖြစ်သည်။

ဘောလုံးပွဲကို လာမည့် မနက်ဖြန် ညနေ ၄ နာရီတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ကွွင်းဝင်ကြေးအခမဲ့ ဖြစ်သော်လည်း အနုပညာရှင်များက လာရောက်အားပေးသူ မိဘပြည်သူများထံမှ အလှူငွေများ ကောက်ခံသွားမည်ဖြစ်သည်။ ၄င်းအလှူငွေများကို ပြည်မြို့နယ်၊ တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုအဖွဲ့ ရန်ပုံငွေအဖြစ် အသုံးပြုသွားမည်ဖြစ်သည်။   

ထပ်မံ၍ သြဂုတ် ၂၀ ရက်နေ့တွင်လည်း ဘောလုံးပွဲဒုတိယ နေ့အဖြစ် PYAY DANGER FC ဘောလုံးအသင်း နှင့် မင်္ဂလာရွှေပြည် ဘောလုံးအသင်း တို့ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ ချစ်ကြည်ရေးဘောလုံးပွဲဖြစ်သည့် အတွက် အသင်းတိုင်းတွင် အနုပညာရှင် အနည်းငယ်စီ ထည့်သွင်း ယှဉ်ပြိုင်စေမည်ဟုလည်းသိရသည်။

အနုပညာရှင်များအသင်းတွင် မော်ဒယ်သရုပ်ဆောင် ၆ ဦး ၊ လူရွှင်တော် ၁၅ ဦး ၊ တေးသံရှင် နှင့် ဂီတ ပညာရှင် ရ ဦး ပါ၀င်ယှဉ်ပြိုင်မည်ဖြစ်ပြီး  မြန်မာ့လက်ရွေးစင် ၃ ဦးဖြင့်လည်း အင်အားဖြည့်တင်းထား သည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required