ဘောလုံးအားကစားဖြင့် ကျန်းမာရေး ကဏ္ဍမြှင့်တင်ရန် We Are One Cup ဖွင့်ပွဲမှာ ပြိုင်ပွဲဝင်များကို MFF ဥက္ကဋ္ဌ တိုက်တွန်း

ဘောလုံးအားကစားဖြင့် ကျန်းမာရေး ကဏ္ဍမြှင့်တင်ရန် We Are One Cup ဖွင့်ပွဲမှာ ပြိုင်ပွဲဝင်များကို MFF ဥက္ကဋ္ဌ တိုက်တွန်း
(ဓာတ်ပုံ - MFF)

၂၀၁၇ ခုနှစ် ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းများ အောင်နိုင်ရေးအတွက် လူထုလှုံံံ့ဆော်မှုအဖြစ် ပုသိမ်၊ ရန်ကုန်၊ တောင်ကြီး၊ မန္တလေးစတဲ့မြို့ကြီး (၄)မြို့မှာ အသင်းပေါင်း (၈၀)ဖြင့် ကျင်းပသွားမယ့် We Are One Cup အပျော်တမ်း ဘောလုံး ပြိုင်ပွဲကို ဇူလိုင်လ ၂၆ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ Main Sponsor ဖြစ်တဲ့ Myanmar Brewery Limited မှ စီစဉ်တင်ဆက်တယ်လို့ သိရပါတယ်။

အဆိုပါ ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ဘောလုံးအားကစားဖြင့် ကျန်းမာရေး ပိုမိုကောင်းမွန်လာရန်၊ အသင်းအဖွဲ့လိုက် ကစားရတာဖြစ်တဲ့အတွက် ပျော်ရွှင်မှုပေးနိုင်ရန် အဓိက ရည်ရွယ်ပြီး ကစားစေချင်ပါတယ်လို့ အဖွင့်အမှာ စကားပြောကြားပါတယ်။

"ဒီပြိုင်ပွဲကို စီစဉ်ကျင်းပတဲ့ ကျနော်တို့ Main Sponsor ကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ပြိုင်ပွဲဝင် အသင်းတွေ၊ ဘောလုံးကို ချစ်မြတ်နိုးကြသူတွေနဲ့ အခုလိုတွေ့ဆုံရတာ ၀မ်းသာဂုဏ်ယူမိပါတယ်။ ဘောလုံး အားကစားနဲ့ မိမိတို့ ကျန်းမာရေး ပိုမိုကောင်းမွန်လာအောင်၊ အသင်းအဖွဲ့လိုက် ကစားရတာဖြစ်တဲ့အတွက် ပျော်ရွှင်မှု ပေးနိုင်အောင်ပဲ အဓိက ရည်ရွယ်ပြီး ကစားစေချင်ပါတယ်။ ဘောလုံး စည်းကမ်းအပြည့်အဝ လိုက်နာပေးဖို့လည်း ပြောချင်ပါတယ်။"လို့ MFF ဥက္ကဋ္ဌဦးဇော်ဇော်က ပြိုင်ပွဲဝင် အသင်းများကို မှာကြားခဲ့ပါတယ်။

MFF ဥက္ကဋ္ဌ အမှာစကားပြောကြားပြီးနောက် MBL ရဲ့ မန်နေဂျင်းဒါရိုက်တာ မစ္စတာ မီနာကာတာကလည်း ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ ပြိုင်ပွဲဝင် အသင်းများကို တစ်သင်းချင်းစီ နှုတ်ဆက်ခဲ့ကြပါတယ်။

အဆိုပါပြိုင်ပွဲမှာ ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ တောင်ကြီး မြို့များမှ ချန်ပီယံအသင်းများရဲ့ နောက်ဆုံးဗိုလ်လုပွဲစဉ်များကို မန္တလေးမြို့တွင် လာမယ့် အောက်တိုဘာလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တို့မှာ ကျင်းပသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

Photos & Source: Myanmar Football Federation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required