အာဇာနည်များ လုပ်ကြံခံရသော အစည်းအဝေးခန်းမကို မူလအတိုင်း ပထမဆုံးအကြိမ်ပြသ

အာဇာနည်များ လုပ်ကြံခံရသော အစည်းအဝေးခန်းမကို မူလအတိုင်း ပထမဆုံးအကြိမ်ပြသ

ဇူလိုင်လ ၁၉ ။                ။ နှစ် ရ၀ ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသော ကောင်စီအစည်းအဝေးခန်းမကို ပထမဆုံးအကြိမ်အဖြစ် မူလအတိုင်း မွမ်းမံ၍ အများပြည်သူသို့ ပြသခဲ့သည်။

ယခင်က အဆိုပါ အစည်းအဝေးခန်းမကို ဘုရားခန်းအဖြစ်ပြောင်းလဲထားပြီး ယခုနှစ်တွင် မူလအတိုင်း ပြန်ထားရှိကာ အများပြည်သူသို့ ပြသခဲ့ခြင်းဖြစ်သည်။

ယနေ့ ဇူလိုင်လ ၁၉ ရက်တွင် လူဦးရေ ထောင်နှင့်ချီ၍ ၀န်ကြီးများရုံးသို့ လာရောက်လေ့လာလည်ပတ်ခဲ့ကြပြီး  လုပ်ကြံခံရသော ၁၀နာရီ ၃၇ မိနစ်တွင် ဥသြဆွဲ၍ ငြိမ်သက်အလေးပြုခဲ့ကြသည်။

ယခုနှစ်တွင် ထူးခြားချက်အဖြစ် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကမ္ဗည်းမော်ကွန်းကျောက်တိုင် စိုက်ထူထားပြီး အလံတစ်ဝက် ချထားသည်ကို တွေ့မြင်ခဲ့ရသည်။

ထိုသို့ မူလအတိုင်းပြုပြင်ရုံသာမက သမိုင်းပညာရှင်များနှင့် ပြတိုက်ပညာရှင်များ တွေ့ဆုံပြီး ၀န်ကြီးများရုံးကို ပြတိုက်အဖြစ်ပြုပြင် ပြောင်းလဲဖို့ရန် အသေးစိတ်အချက်အလက်များ ဆွေးနွေးခဲ့ကြသည်ဟု ၀န်ကြီးများရုံး၊ အဆောင်အဦ ပြန်လည်ပြုပြင်ရာတွင် နည်းပညာအကြံပေးဖြစ်သော YHT (Yangon Heritage Trust) ၏  ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က မေလ ၂၇ ရက်တွင် ပြောထားသည်။

လွှတ်တော်အခန်းနှင့် အစည်းအဝေးခန်းမအပါအဝင် ၀န်ကြီးများရုံးပြုပြင်ရေးအတွက် အနော်မာမှ တာဝန်ယူလုပ်ကိုင်နေပြီး YHT မှ ပူးပေါင်းဆောင်ရွက်နေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required