အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့် ဆူဒန်ကို နိုင်ငံတကာပြိုင်ပွဲတွေကနေ ဖီဖာက ပိတ်ပင်

အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့် ဆူဒန်ကို နိုင်ငံတကာပြိုင်ပွဲတွေကနေ ဖီဖာက ပိတ်ပင်
(ဓာတ်ပုံ - အီးပီအေ)

အားကစားကဏ္ဍတွေမှာ အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့် ဆူဒန်နိုင်ငံကို နိုင်ငံတကာပြိုင်ပွဲတွေကနေ ပိတ်ပင်တားမြစ်လိုက်ပြီး ၎င်းမှာ ချက်ချင်း အကျိုးသက်ရောက်မှာဖြစ်တယ်လို့ ဖီဖာဘောလုံးအဖွဲ့အချုပ်က သောကြာနေ့က အတည်ပြုခဲ့ပါတယ်။

အဆိုပါပိတ်ဆို့မှုဟာ ဆူဒန်လက်ရွေးစင်နှင့် ကလပ်အသင်းများ နိုင်ငံတကာ ပြိုင်ပွဲတွေကနေ ယှဉ်ပြိုင်မှုကို တားမြစ်ပိတ်ပင်ပြီး ဖီဖာရဲ့ ဖွံ့ဖြိုးရေးစိမံကိန်းမှားနှင့် သင်တန်းများအတွက် မည်သည့် ဖက်ဒရယ်အဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူ မည်သူမဆို ပူးပေါင်းပါဝင်မှုကို တားဆီးသွားမှာဖြစ်ပါတယ်။

ဇွန် ၂ ရက်နေ့က ဖီဖာအသိအမှတ်ပြု ဆူဒန်အက်ဖ်အေ ဥက္ကဌ Mutasim Gaafar Sir Elkhatim ကို ဖယ်ရှားပြီး Abdel Rahman Sir Elkatim နဲ့ အစားထိုးရန် ဆူဒန်တရားရေးဝန်ကြီးဌာနက အမိန့်ပေးခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်အပေါ် ဖီဖာက အဆိုပါပိတ်ဆို့မှုကို ချမှတ်ခဲ့ပါတယ်။

ဆူဒန်တရားရေးဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်ရုတ်သိမ်းတဲ့အချိန်ကြမှ ဖီဖာရဲ့ ပိတ်ပင်တားမြစ်မှုကို ရုတ်သိမ်းပေးမယ်လို့ နိုင်ငံတကာ ဘောလုံးလောကရဲ့ အစိုးရအဖွဲ့အစည်းက ပြောပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required