Gotham ဇာတ်လမ်းတွဲ သရုပ်ဆောင်မင်းသား၏ ဆယ်ကျော်သက်အရွယ် ကလေးငယ်ပျောက်ဆုံးနေ

Gotham ဇာတ်လမ်းတွဲ သရုပ်ဆောင်မင်းသား၏ ဆယ်ကျော်သက်အရွယ် ကလေးငယ်ပျောက်ဆုံးနေ

Gotham ရုပ်ရှင်ဇာတ်လမ်းတွဲ၏ သရုပ်ဆောင်မင်းသားဖြစ်သူ ဒိုနယ်လုဂ်သည် ဂျိတ်ဟုအမည်ရသော သူ၏ ဆယ်ကျော်သက်အရွယ် ကလေးငယ်ပျောက်ဆုံးနေသောကြောင့် အများပြည်သူထံမှ အကူအညီတောင်းခံ ခဲ့သည်။

အသက် ၁၆နှစ်အရွယ်ရှိ ဂျိတ်သည် လိင်ပြောင်းထားသူတစ်ဦးဖြစ်ပြီး သူမ၏ အမည်ရင်းမှာ အာလိုဖြစ်ကာ သူမကို လွန်ခဲ့သော တနင်္လာနေ့က နယူးယောက်၊ ဘရွတ်ကလင်းတွင်   နောက်ဆုံးတွေ့လိုက်ရခြင်းဖြစ်သည်။

ဒိုနယ်လုဂ်သည် သတင်းမေးကြသော လူများအားလုံး၏ ဆုတောင်းပို့သမှုနှင့် မေတ္တာတရားတို့ကို ကျေးဇူးတင် ကြောင်းပြောခဲ့ပြီး ပျောက်ဆုံးနေသော ကလေးငယ်၏ သတင်းအစအနကို သိသူများအနေဖြင့် အချိန်မရွေး ဆက်သွယ်ပေးရန် ပြောကြားခဲ့သည်။

လူငယ်လေး၏ အသွင်အပြင်နှင့် ပတ်သက်၍ တွစ်တာပေါ်၌ “ ကလေးငယ်ဟာ ဒီအနီးအနားဝန်းကျင်မှာပဲ ရှိနေနိုင်သေးသလို ပြည်နယ်အပြင်ဘယ်ကို ထွက်သွားတာလည်း ဖြစ်နိုင်ပါတယ်။ သူ့ရဲ့ နောက်ထပ်နာမည် တမျိုးဖြစ်တဲ့ ဂျိတ်ဆိုတဲ့ အမည်နဲ့ပဲ သွားလာနေနိုင်ပါတယ်။ ကလေးရဲ့ နားရဲ့နှာခေါင်းမှာ အပေါက်ဖောက်ထား ပါတယ်။ သူဟာ အစိမ်းရောင်ခေါင်းစွပ်အကျီၤ၊ အပြာရောင်ဂျင်းဘောင်းဘီဝတ်ထားပြီး မီးခိုးရောင်ဘေ့စ်ဘော ဦးထုပ်ဆောင်းပြီး ထွက်သွားတာကို နောက်ဆုံးမြင်လိုက်ရပါတယ်” ဟု ရေးသားဖော်ပြထားသည်။

နယူးယောက်ရဲဌာနမှ ပြောရေးဆိုခွင့်ရှိသူက “ကျနော်တို့ဆီကိုလာပြီး အမှုဖွင့်တိုင်ကြားချက်အရ ဂျိတ်ဟာ သူငယ်ချင်းတွေနဲ့ တွေ့ဖို့ထွက်ခွာသွားပြီး အိမ်ကိုပြန်မလာခဲ့ပါဘူး။ အင်္ဂါနေ့မနက်မှာ ကလေးပျောက်နေတယ် လို့ လာရောက်သတင်းပေးခဲ့တာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဒိုနယ်လုဂ်သည် Gotham ဇာတ်လမ်းတွဲတွင် ရဲအရာရှိ ဟာဗေးဘူးလော့ခ်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သလို Sons of Anarchy ဇာတ်လမ်းတွဲတွင် လီတောရစ်အဖြစ် သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားများဖြစ်ကြသော Blade၊ Jerry Maguire နှင့် Ghost Rider တို့တွင်လည်း ပါဝင်ခဲ့သူဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required