မေလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာအသင်း အဆင့်မပြောင်းလဲ

မေလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာအသင်း အဆင့်မပြောင်းလဲ

မေ ၆၊ ရန်ကုန်။                 ။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က မေလအတွက် ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း အဆင့်မပြောင်းပဲ ဧပြီလရပ်တည်မှုဖြစ်သော အဆင့် ၁၆၆ တွင် ဆက်လက်ရပ်တည်နေသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နောက်ဆုံး နိုင်ငံတကာပွဲအဖြစ် မတ်လ ၂၈ ရက်က အိန္ဒိယအသင်းနှင့် အာရှဖလား ခြေစစ်ပွဲယှဉ်ပြိုင်ကစားခဲ့ပြီး ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများတွင် ဖိလစ်ပိုင်အသင်းက ကမ္ဘာ့အဆင့် (၁၂၇)ဖြင့်ဦးဆောင်ထားပြီး ထိုင်းအသင်းက ကမ္ဘာ့အဆင့် (၁၂၉)၊ ဗီယက်နမ်အသင်းက (၁၃၆)၊ မလေးရှားအသင်းက (၁၅၈)၊ စင်ကာပူအသင်းက (၁၆၀)၊ ကမ္ဘောဒီးယားအသင်းက (၁၇၅)၊ လာအိုအသင်း က (၁၇၆)၊ အင်ဒိုနီးရှားအသင်း က (၁၇၇)၊ ဘရူနိုင်းအသင်းက (၁၈၈)နှင့် တီမောအသင်းက ကမ္ဘာ့အဆင့် (၁၉၅)တို့၌ အသီးသီး ရပ်တည်နေသည်။

မေလ ကမ္ဘာ့အဆင့်သတ် မှတ်ချက်အရ မြန်မာ့လက်ရွေးစင်အသင်းသည် အာရှနိုင်ငံများ၌ အဆင့်(၃၄)နှင့် အရှေ့တောင် အာရှနိုင်ငံများ၌ အဆင့် (၆) နေရာတွင် ရပ်တည်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required