၄ သင်းပါ အုပ်စု ၁၂ စုဖြင့် ပါဝင်မယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ

၄ သင်းပါ အုပ်စု ၁၂ စုဖြင့် ပါဝင်မယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ
Photo: FIFA

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ၎င်းရဲ့တိုးချဲ့ပုံစံကြောင့် ပုံမှန် ၄၆ ပွဲအစား ၁၀၄ ပွဲကစားမှာဖြစ်တယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က ရဝမ်ဒါနိုင်ငံ၊ ကီဂါလီမှာ ကျင်းပတဲ့ ညီလာခံမတိုင်ခင် ပြောပါတယ်။

မြောက်အမေရိကမှာ တိုးမြှင့်ကျင်းပမယ့် ၂၀၂၆ အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲကို မူလစီစဉ်ထားတဲ့ ၃ သင်းပါ အုပ်စု ၁၆ စုကို ၄ သင်းပါ အုပ်စု ၁၂ စုဖြင့် စတင်ပြောင်းလဲကျင်းပတော့မှာဖြစ်တယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက အင်္ဂါနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့မှာ ၄၈ သင်းပါဝင်တဲ့ ပထမဆုံးပြိုင်ပွဲဖြစ်လာမှဖြစ်ပြီး ကာတာမှာ မနှစ်ကပြိုင်ပွဲမှာ ၃၂ သင်းကနေ သိသိသာသာတိုးမြှင့်မှာဖြစ်ပါတယ်။

“ပြန်လည်ပြင်ဆင်ထားတဲ့ ပုံစံက လုပ်ပွဲအန္တရာယ်ကို လျော့ပါးစေပြီး အသင်းအားလုံးကို အနည်းဆုံး ၃ ပွဲလောက် ကစားဖို့ သေချာစေပြီး ယှဉ်ပြိုင်တဲ့အသင်းတွေကြား မျှတတဲ့ အနားယူချိန်ကို ပေးပါတယ်” ဟု ဖီဖာက ပြောပါတယ်။

ဆိုလိုတာက ၁၀၄ ပွဲရှိမှာဖြစ်ပြီး ၂၀၂၂ ပြိုင်ပွဲမှာ ကစားခဲ့တဲ့ ၆၄ ပွဲနဲ့ နှိုင်းယှဉ်ရင် ကြီးမားတိုးမြှင့်လာပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်မှာ ပွဲ ၈၀ ကျင်းပမယ့် မူလအစီအစဉ်အတိုင်းပင် တိုးလာမှာဖြစ်ပါတယ်။

ဖီဖာရဲ့ ၂၀၂၆ အတွက် ကနဦးအစီအစဉ်မှာ ထိပ်သီးနှစ်နိုင်ငံကနေ နောက်ဆုံး ၃၂ သင်းအဆင့်ကို တက်ရောက်မယ့် ၃ သင်းပါ ၁၆ သင်းအုပ်စုအတွက်ဖြစ်ပါတယ်။

ဆုံးဖြတ်ခဲ့တဲ့ ပုံစံအသစ်အရ အုပ်စုတစ်စုစီက ထိပ်ဆုံး နှစ်သင်း (အုပ်စု ပထမ၊ ဒုတိယ)ဟာ အကောင်းဆုံးတတိယနေရာက ၈ သင်းနဲ့အတူ ရှုံးထွက်အဆင့်ကို တက်ရောက်သွားမှာဖြစ်ပါတယ်။

ရလဒ်အနေနဲ့ ဖိုင်နယ်အဆင့်၊ တတိယနဲ့ စတုတ္ထအဆင့် ပြီးဆုံးတဲ့ အသင်းတွေဟာ လက်ရှိ ၇ ပွဲအစား စုစုပေါင်း ၈ ပွဲကစားရမှာဖြစ်ပါတယ်။

ကာတာမှာ ကျင်းပတဲ့ ပြိုင်ပွဲမှာ အံ့အားသင့်ဖွယ်ကောင်းပြီး ဖျော်ဖြေမှုပေးတဲ့ အုပ်စုအဆင့်အပြီးမှာ သူ့ရဲ့မူလ ၂၀၂၆ အသေးစိတ်ပုံစံကို ပြန်လည်စဉ်းစားဖို့ လိုအပ်တယ်လို့ ဖီဖာကို ယုံကြည်စေပြီးနောက် အခုလို ဆုံးဖြတ်ခဲ့တာပါ။

“လေးသင်းအုပ်စုတွေဟာ နောက်ဆုံးပွဲစဉ်ရဲ့ နောက်ဆုံးမိနစ်အထိ မယုံနိုင်လောက်အောင် လုံး၀ အံ့သြဖွယ်ကောင်းခဲ့ပါတယ်။"လို့ ဖီဖာဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနိုက ဒီဇင်ဘာက ပြောပါတယ်။

ရဝမ်ဒါမြို့တော် ကီဂါလီမှာ ပြုလုပ်တဲ့ ဖီဖာကောင်စီအစည်းအဝေးအပြီး အင်္ဂါနေ့က ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာခဲ့ပြီး လာမယ့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် တနင်္ဂနွေနေ့မှာ အမျိုးသားကမ္ဘာ့ဖလားကို ကျင်းပမှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

ဖီဖာက ကလပ်အသင်းတွေဟာ ကစားတာကို ရပ်နားရမှာဖြစ်ပြီး နိုင်ငံတကာပွဲစဉ်အတွက် ကစားသမားတွေကို စေလွှတ်ချိန်မှာ နောက်ဆုံး ကြားရက် စုစုပေါင်း ၅၆ ရက်ရမှာဖြစ်ပြီး အရင်ပြိုင်ပွဲသုံးရပ် (၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈)နဲ့ တူညီမှာဖြစ်ပါတယ်။

ဘယ်လိုပဲပြောပြော ၂၀၂၂ ကာတာပြိုင်ပွဲကို ၂၉ ရက်သာ ကျင်းပပြီးနောက် ကမ္ဘာ့ဖလားကိုယ်တိုင်က ကာလရှည်ကြာအောင် ကစားနိုင်ဖွယ်ရှိပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required