KIO နှင့် KNU ပါဝင်သော မြန်မာကုုိယ်စားလှယ်အဖွဲ့ အမေရိကန် ဖယ်ဒရယ်စနစ်လေ့လာနေ

KIO နှင့် KNU ပါဝင်သော မြန်မာကုုိယ်စားလှယ်အဖွဲ့ အမေရိကန် ဖယ်ဒရယ်စနစ်လေ့လာနေ

မေလ ၅ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။                    ။ အမေရိကန် ဖက်ဒရယ်စနစ်ဖြင့် အုပ်ချုပ်ပုံစနစ်ကို လေ့လာရန်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် ကရင်အမျိုးသားအစည်းရုံး (KNU)တို့ အပါအဝင် ကိုယ်စားလှယ်များ အမေရိကန်နိုင်ငံတွင် ရောက်ရှိနေသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အထောက်အကူပြုနိုင်ရန် အမေရိကန်ပြည်ထောင်စု အစိုးရ၏ ဖိတ်ကြားချက်အရ ဧပြီလ ၂၉ ရက်တွင် ဝါရှင်တန်ဒီစီသို့ ရောက်ရှိခဲ့ကြောင်း ၎င်းခရီးစဉ်တွင် ပါဝင်သူ ကချင်ပြည်နယ် လွတ်တော်ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါန်၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ၏ ဖက်ဒရယ်စနစ်ဖြင့် အုပ်ချုပ်ပုံစနစ်ကို အမေရိကန် နိုင်ငံ ဝါရှင်တန်ဒီစီတွင် ၄ ရက်ကြာ လေ့လာခွင့်ရရှိခဲ့ပြီး ပြည်နယ်များ၏ အုပ်ချုပ်ပုံစနစ်ကို Ohio State နှင့် Virginia ပြည်နယ်များသို့ ၉ ရက်ကြာ သွားရောက်လေ့လာမည် ဖြစ်ကြောင်း ရေးသားထားသည်။

၎င်းမြန်မာကိုယ်စားလှယ် ၁၅ ဦးအဖွဲ့တွင် အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့မှ အရာရှိများ၊ မြန်မာ့တပ်မတော် စစ်တက္ကသိုလ်နှင့် ရေတပ်မှ ဦးဆောင်ရာရှိများ၊ ပြည်ထောင်စု လွတ်တော်၊   ပြည်သူ့လွတ်တော်၊ ကချင်ပြည်နယ်လွတ်တော်မှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ဥပဒေလေ့လာစိစစ်ရေးကော်မတီနှင့် စီမံန်ကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရေးနယ်ပယ်ပညာရှင်များနှင့် သတင်းတပ်ဖွဲ့များ ပါဝင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required