မနီလာတောင်ပိုင်းက ကမ်းခြေဆင်းရဲသားရပ်ကွက်တွင် ကလေးငယ်များ မီးခြစ်ဆော့ရာမှ မီးလောင်မှုဖြစ်၍ မိသားစုပေါင်း ၁၀၀၀ နီးပါး အိုးအိမ်မြဲ့ဖစ်

မနီလာတောင်ပိုင်းက ကမ်းခြေဆင်းရဲသားရပ်ကွက်တွင် ကလေးငယ်များ မီးခြစ်ဆော့ရာမှ မီးလောင်မှုဖြစ်၍ မိသားစုပေါင်း ၁၀၀၀ နီးပါး အိုးအိမ်မြဲ့ဖစ်

မနီလာ၊ ဧပြီ ၆ ။            ။ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာတောင်ပိုင်းက ဘာကောကမ်းခြေမြို့ငယ်တွင် မီးလောင်မှုဖြစ်ရာ ကမ်းရိုးတန်းဖက်က တိုက်ခိုက်လာသောလေနှင့်
အပူချိန်တို့ကြောင့် မီးပြင်းထန်ကာ လူတစ်ဦးသေဆုံးပြီး မိသားစုပေါင်း ၁၀၀၀ နီးပါး နေရပ်စွန့်ပြေးရသည်။

ဧပြီ ၅ ရက်နေ့ ညနေလေးနာရီခွဲခန့်က လောင်ကျွမ်းတွင် ယင်းမီးမှာ သစ်၊ ဝါးတို့ဖြင့် ဆောက်လုပ်သော အိမ်ခြေအများစုရှိ၍ လျင်မြန်စွာပင် အိမ်ရာပေါင်း ၆၀၀ နီးပါး မီးလောင်ကျွမ်းသွားရသည်။

ည ရှစ်နာရီအထိ မီးကို ငြိမ်းသတ်ခဲ့ရပြီးနောက် အပျက်အစီးများအောက် မြို့နေတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခြင်းဖြစ်သည်။ ၎င်းရုပ်အလောင်းက မည်သူမည်ဝါဖြစ်ကြောင်း ရဲက အတည်မပြုနိုင်သေးပေ။

လေးနာရီကြာ လောင်ကျွမ်းသည့် ယင်းမီးမှာ ရက်ဖီအူနာဆိုသူ လူတစ်ဦး၏ အိမ်မှ ကလေးငယ်များ မီးခြစ်ဖြင့် ဆော့ကစားရာကနေ စတင်လောင်ကျွမ်းခြင်းဖြစ်ဖွယ်ရှိသည်ဟု မီးသတ်တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မီးလောင်မှုအတွင်း အိမ်ခြေပျက်စီးခဲ့သည့် လူပေါင်း လေးထောင်နီးပါးမှာ အနီးနားက စာသင်ကျောင်းတစ်ကျောင်းတွင် ယာယီခိုလှုံနေရကြောင်း EPA သတင်းထောက်က သတင်းပေးပို့သည်။

ဌာနေအစိုးရက မီးဘေးဒုက္ခသည်များအား အစားအစာနှင့် အဝတ်အစား လိုအပ်ပစ္စည်းများ ပံ့ပိုးပေးပို့လျက်ရှိသည်။ ဘာကောဆင်းရဲသားရပ်ကွက်တွင် နေထိုင်သူ အများစုမှ ငါးဖမ်းခြင်းလုပ်ငန်းဖြင့် ဝမ်းရေးဖြေရှင်းနေရသည့် တံငါဆင်းရဲသား အများစုဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required