ဆိုင်ကလုန်းမုန်တိုင်း ဒက်ဘီကြောင့် နယူးဇီလန်တွင် လူထောင်ပေါင်းများစွာ ဘေးလွတ်ရာ ပြောင်းရွှေ့

ဆိုင်ကလုန်းမုန်တိုင်း ဒက်ဘီကြောင့် နယူးဇီလန်တွင် လူထောင်ပေါင်းများစွာ ဘေးလွတ်ရာ ပြောင်းရွှေ့

ဧပြီ ၆ ။              ။ အားပြင်း ဆိုင်ကလုန် မုန်တိုင်း ဒက်ဘီကြောင့် ဧပြီလ ၆ ရက်က နယူးဇီလန်ရှိ မြို့ကြီးနှစ်ခု၌ လူပေါင်း ၄,၀၀၀ ထက်မနည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြရကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ ဒက်ဘီမုန်တိုင်းမှာ ပြီးခဲ့သည့် ရက်ပိုင်းက သြစတြေးလျနိုင်ငံကို ၀င်ရောက်တိုက်ခတ်ခဲ့ပြီး လူ ငါးဦး သေဆုံးစေခဲ့ပြီးနောက် ယခုအခါ မုန်တိုင်းက နယူးဇီလန်ကိုပါ ထပ်မံ ၀င်ရောက်လာရန် စိုင်းပြင်းလာနေခြင်း ဖြစ်သည်။

ယခုအခါ မုန်တိုင်းအရှိန်ကြောင့် Rangitaiki မြစ်ရေလျှံတက်လာပြီး ကမ်းနှင့်နီးသော အိမ်ခြေများစွာကို ရေလွှမ်းမိုးမှုများ ပေါ်ပေါက်လာခဲ့ရပြီးနောက် ယင်းအရပ်မှ လူ ၂,၀၀၀ ကျော်ကို အာဏာပိုင်များက ရွှေ့ပြောင်းခဲ့ထားခဲ့ရသည်။

အလားတူ အနီးအနား ဒေသ Whakatane တွင်လည်း နောက်ထပ် လူပေါင်း ၂,၀၀၀ ဘေးလွှတ်ရာသို့ အသီးသီး ပြောင်းရွှေ့ခိုလှုံနေကြရပြီဖြစ်ကြောင်း သိရသည်။

ယခုအခါ ယင်းဒေသတစ်ဝိုက်ရှိ ရဲများမှာလည်း လူမရှိသည့် အိမ်များတွင် ခိုးဆိုးလုယက်မှုများ ဖြစ်မလာနိုုင်ရန် ဒေသတွင်း လိုက်လံစောင့်ကြပ်နေရလျက်ရှိသည်။

အဆိုပါ မြို့များသို့ သွားရာ အဝေးပြေးလမ်းမကြီးများကိုလည်း ယခုအခါ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required