ဘရာဇီးတွင် အစိုးရ၏ ပင်စင်ဥပဒေပြောင်းလဲမှုအပေါ် ထောင်ပေါင်းများစွာသော ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြ

ဘရာဇီးတွင် အစိုးရ၏ ပင်စင်ဥပဒေပြောင်းလဲမှုအပေါ် ထောင်ပေါင်းများစွာသော ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြ

ရီယိုဒီဂျနေရိုး၊ ဧပြီ ၁ ။          ။ ဘရာဇီးနိုင်ငံတွင် အစိုးရ၏ ဘဏ္ဍာရေးထိန်းညှိသည့် အစီအစဉ်ကို ဆန့်ကျင်ကာ ပြည်သူထောင်ပေါင်းများစွာ မတ် ၃၁ ရက်၌ လမ်းပေါ်ထွက် ဆန္ဒပြကြသည်။

ဆန္ဒပြခြင်း၏ အဓိကအကြောင်းရင်းမှာ သမ္မတ မိုက်ကယ်တီးမားအစိုးရ၏ ပင်စင်နှင့် အငြိမ်းစား ဥပဒေအပေါ် ပြုပြင်ပြောင်းလဲမှုကို ကန့်ကွက်ခြင်းဖြစ်သည်။

နိုင်ငံတွင်းရှိ ပြည်နယ် ၂၆ ခုမှ မြို့တော်တိုင်းတွင် ဆန္ဒပြမှုများ ဖြစ်ပွားခြင်းဖြစ်သည်။

နိုင်ငံ၏အကြီးဆုံး ဆော်ပေါလိုမြို့တွင် ဆန္ဒပြအင်အားက ရ၀၀၀၀ ခန့်ရှိပြီး ဒုတိယအကြီးဆုံးမြို့ ရီယိုဒီဂျနေရိုးတွင် အင်အား ၁၅၀၀၀ နီးပါးရှိသည်။ အခြားသော မြို့များတွင်လည်း စုရုံးဆန္ဒပြမှုများဖြစ်ပွားသည်။

အငြင်းပွားဖွယ် ပင်စင်ဥပဒေပြင်ဆင်မှု၌ အငြိမ်းစားအကျိုးအမြတ် ခံစားနိုင်ရန် အနည်းဆုံးအသက် ၆၅ နှစ်နှင့် လုပ်သက် ၂၅ နှစ် ရှိရမည်ဖြစ်သည်။

ဂျီဒီပီ သုံးရာခိုင်နှုန်းကျော် ကျဆင်းနေသည့် ဘရာဇီးနိုင်ငံအား စီးပွားရေးအကျပ်အတည်းမှ ရုန်းထွက်နိုင်ရန် ယခုကဲ့သို့ ပြုပြင်ပြောင်းလဲမှုကို အစိုးရက ဦးစားပေးအတည်ပြုလာခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required