သတင်းထောက် ဝင်းဦး၏ ဒုတိယအကြိမ် အာမခံလျှောက်ထားမှု မရရှိဘဲ ထပ်မံရုံးချိန်း ချိန်းဆို

သတင်းထောက် ဝင်းဦး၏ ဒုတိယအကြိမ် အာမခံလျှောက်ထားမှု မရရှိဘဲ ထပ်မံရုံးချိန်း ချိန်းဆို

YBS ဆိုင်​းဘုတ်​ကို ဖျက်​ဆီးခဲ့သည်ဟု တရားစွဲဆိုခံရသော သတင်​းထောက်​တစ်​ဦးကို ယနေ့ (မတ်လ ရ) တွင် ​မြောက်​ဒဂုံမြို့နယ်၊ တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒုတိယအ​ကြိမ်​မြောက် အာမခံ လျှောက်ထားခံသော်လည်း မရရှိခဲ့ကြောင်း သိရသည်။

တရားရုံးတွင် ဒုတိယအ​ကြိမ်​မြောက်​ ကျန်းမာရေး အာမခံရရှိရန် ထပ်​မံတင်​သွင်​းခဲ့သော်လည်း ​မြောက်​ဒဂုံတရားရုံးက ထပ်​မံရုံးချိန်​း ချိန်းဆိုခဲ့သည်။ ယခုရုံးချိန်းသည် ၆ ကြိမ်မြောက် ရုံးချိန်းဖြစ်ပြီး သတင်းထောက် ဝင်းဦးသည် ဆေးကုသမှုခံယူနေရသူ ဖြစ်သဖြင့် အာမခံပေးရန် မြောက်ဒဂုံတရားရုံးတွင် တောင်းဆိုရခြင်းဖြစ်ကြောင်း ဦးဝင်းဦး၏ ရှေ့နေက ပြောသည်။

လက်ရှိတွင် သတင်​​း​ထောက်​ ဝင်​းဦးသည် အစာအိမ်​​​ရောဂါ​ကြောင်​့ ခွဲစိတ်​ထားရပြီး ​မြောက်​ဥက္ကလာပ​ဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး ယနေ့ ရုံးချိန်းသို့ ထမ်းစင်ဖြင့် လာရောက်ခဲ့ကြောင်း တွေ့ရသည်။

ဦးဇော်မင်းထွန်း(ခေါ်) ဦးဝင်းဦး ကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင် YBS လမ်းညွှန်ဆိုင်းဘုတ်အား ယိုင်နဲ့ ပျက်စီးစေမှုနှင့် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့မရဲစခန်းမှ (ပ) ၈၀/၂၀၁၇၊၂၉၄၇ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေ ပုဒ်မ၆(၁) ဖြင့် အရေးယူဆောင်ရွက်ထားခြင်း ဖြစ်သည်။

ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေ ပုဒ်မ၆(၁) သည် အမြင့်ဆုံးပြစ်​ဒဏ်​အ​နေဖြင့် ထောင် ရ နှစ်​အထိ ချမှတ်​နိုင်သော ပုဒ်မ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required