၂၀၁၇အတွက် နာမည်ကျော်စုံတွဲအသစ်ဖြစ်လာသည့် အဆိုတော် BoA နှင့် မင်းသား Joo Won

၂၀၁၇အတွက် နာမည်ကျော်စုံတွဲအသစ်ဖြစ်လာသည့် အဆိုတော် BoA နှင့် မင်းသား Joo Won

ဒေသတွင်းမီဒီယာများနှင့်ရုပ်သံသတင်းများအရ ၂၉နှစ်အရွယ်မင်းသား Joo Won နှင့် အသက်၃၀အရွယ် အဆိုတော်နှင့်မင်းသမီးဖြစ်သူ BoA တို့ဟာ သူတို့၏ လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဆွေများတွေ့ဆုံပွဲသို့သွား ရောက်ရာတွင် ဆုံတွေ့ခဲ့ကြပြီး ချစ်သူတွေဖြစ်ခဲ့ကြတယ်လို့သိရပါသည်။

သူတို့ချစ်သူနှစ်ဦးစလုံးဟာ ဝါသနာများနှင့် တန်ဖိုးထားသောအရာများ တူညီမှုရှိကြကြောင်းသိရသည်။ သူတို့နှစ် ဦးစလုံး တောင်တက်ခြင်း၊ ဂေါက်သီးရိုက်ခြင်းနှင့် သူတို့၏ တူညီသော ဘဝနေထိုင်မှုပုံစံကြောင့်လည်း တစ်ယောက်ကိုတစ်ယောက် ဆွဲဆောင်မှုရှိတယ်လို့ ခံစားရကြောင်းသိရသည်။ ဒါ့အပြင်သူတို့နှစ်ဦးစလုံးဟာ ကြိုက်နှစ်သက်သော သီချင်းအမျိုးအစားလည်း တူညီမှုရှိကြောင်း သိရသည်။

BoA ရဲ့မကြာသေးခင်ကမှ ထွက်ရှိခဲ့သော ဒရာမာဇာတ်ကား “ My Wife is Having an Affair This Week” ကို Joo Won က ကြည့်ရှုခဲ့ပြီးနောက်တွင် သူမအား အကြံဉာဏ်များပေးခဲ့သလို သူတို့နှစ်ယောက်အတူတွဲသရုပ် ဆောင်ဖို့အစီအစဉ်လည်း ရှိသည်ဟုပြောခဲ့ကြသည်။

သူတို့နှစ်ဦးချစ်သူဖြစ်သွားပြီဆိုသော သတင်းကို Joo Won ရဲ့အေဂျင်စီက အရင်ဦးဆုံးအတည်ပြုခဲ့တာဖြစ်ပြီး Joo Won ဟာလက်ရှိတွင် ရုပ်ရှင်ရိုက်ကူးနေသောကြောင့် အသေးစိတ်သိရှိရင် မလွယ်ကူကြောင်းပြောခဲ့သည်။

သူတို့ချစ်သူနှစ်ဦးဟာနွေးထွေးမှုရှိကြပြီး လိုက်ဖက်သောစုံတွဲဖြစ်သလို အများကလည်းသူတို့စုံတွဲအား အားကျ နှစ်သက်ကြောင်း သိရပါသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required