အမေရိကန်ရှိ ခရစ်ယာန်ဘုရားကျောင်းများကို အိုင်အက်စ်တို့ ပစ်မှတ်ထား တိုက်ခိုက်လာနိုင်ကြောင်း FBI သတိပေးချက်ထုတ်

အမေရိကန်ရှိ ခရစ်ယာန်ဘုရားကျောင်းများကို အိုင်အက်စ်တို့ ပစ်မှတ်ထား တိုက်ခိုက်လာနိုင်ကြောင်း FBI သတိပေးချက်ထုတ်

နိုင်ငံတွင်း၌ ခရစ္စမတ်ပွဲတော်ကျင်းပပွဲများနှင့် ခရစ်ယာန်ဘုရားကျောင်းများကို အိုင်အက်စ်တို့ ပစ်မှတ်ထားတိုက်ခိုက်လာနိုင်ဖွယ်ရှိနေခြင်းကြောင့် အထူးသတိရှိရန်လိုအပ်ကြောင်း အမေရိကန်   ထောက်လှမ်းရေးဗျူရို FBI က သတိပေးထားကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အားလပ်ရက် စုဝေးမှုများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ကြရန် အကြမ်းဖက်သမားများကို အိုင်အက်စ်တို့ သွေးထိုးလှုံ့ဆော်ထားသည့် ယင်းအပေါ် အထူးသတိပြုကြရန် လုံခြံုရေးအေဂျင်စီများ၊ ပုဂ္ဂလိလုံခြံုရေး အဖွဲ့အစည်းများကို FBI က တိုက်တွန်းထားသည်။

ခရစ်ယာန်ဘုရားကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ကြရန် အိုင်အက်စ်အဖွဲ့က အမေရိကန်ရှိ ယင်းအဖွဲ့အပေါ်သစ္စာခံထားသူများအား တိုက်တွန်းထားသည် မက်ဆေ့ချ်များ ့ အွန်လိုင်းပေါ်တွင် ထွက်ပေါ်လာခဲ့ခြင်းကြောင့် ယခုကဲ့သို့ သတိပေးထုတ်ပြန်ချက်များကို ထုတ်ပြန်ထားရခြင်းဖြစ်သည်။

"  အမေရိကန်ဘုရားရှိခိုးကျောင်းတွေကို တိုက်ခိုက်ဖို့ တိုက်တွန်းထားတဲ့မက်ဆေ့ချ်တွေကို ကျွန်တော်တို့ သိထားပါတယ်၊ ဒီကိစ္စကို အထူးအလေးထား စုံစမ်းနေလျက်ရှိပြီး ဒါတွေဟာ ယုံကြည်ရလောက်တဲ့ အထောက်အထားရှိ မရှိလည်း သေချာစိစစ်နေပါတယ်" ဟု FBI က ထုတ်ပြန်သွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required