ရေနံလုပ်ငန်းရှင်ကြီးအား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒေါ်နယ်ထရမ့် ရွေးချယ်

ရေနံလုပ်ငန်းရှင်ကြီးအား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒေါ်နယ်ထရမ့် ရွေးချယ်

နယူးယောက်၊ ဒီဇင်ဘာ ၁၄ ။               ။ ရေနံကုမ္ပဏီကြီး Exxon Mobil ၏ အမှုဆောင်အရာရှိချုပ် ရက်စ်တယ်လာဆန်အား အမေရိကန်၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ်   ရွေးချယ်ထားကြောင်း   ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုသည်။

အသက် ၆၄ နှစ်အရွယ် တယ်လာဆန်သည့် လူမှုရေးနောကျေသည့် စီးပွားရေးသမားဖြစ်ကာ နိုင်ငံတကာဝင်ဆံ့သူတစ်ဦးဖြစ်ကြောင်း ထုတ်ပြန်ချက်တစ်ရပ်၌ ထရမ့်က အမွှမ်းတင်ထားသည်။

တယ်လာဆန်သည် ရုရှသမ္မတ ပူတင်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိခြင်းကြောင့် ဒီမိုကရက်တစ်များနှင့် ရီပတ်ဘရီကန်တစ်ချို့အတွက် စိတ်ပူစရာဖြစ်စေသည်။

ယခုအမည်စာရင်းရွေးချယ်ထားမှုကို ဆီးနိတ်လွှတ်တော်၏ အတည်ပြုချက်လိုအပ်ဦးမည်ဖြစ်သည်။

ရွေးချယ်မှုသည် ရွေးကောက်ပွဲ၌ ဒေါ်နယ်ထရမ့်အနိုင်ရခြင်းသည် ရုရှ၏ ခြေထိုးမှုများ ရှိခဲ့သည်ဟု အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများက ထင်မြင်ယူဆနေချိန်အတောအတွင်း တယ်လာဆန်အား   နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်လာခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required