ဆီးရီးယားရှိ အိုင်အက်စ်သိမ်းပိုက်မြို့အား ပြန်လည်သိမ်းယူရေး အမေရိကန်တပ်အင်အား ၂၀၀ ကို စေလွှတ်

ဆီးရီးယားရှိ အိုင်အက်စ်သိမ်းပိုက်မြို့အား ပြန်လည်သိမ်းယူရေး အမေရိကန်တပ်အင်အား ၂၀၀ ကို စေလွှတ်

ဒမတ်စကပ်၊ ဒီဇင်ဘာ ၁၀ ။           ။ ဆီးရီးယားနိုင်ငံအတွင်း အိုင်အက်စ်တို့ အမာခံသိမ်းပိုက်ထားသည့် ရက်ကာမြို့အား ပြန်လည်သိမ်းယူသည့် တိုက်ပွဲများတွင် ကူညီရန် အမေရိကန်တပ်အင်အား ၂၀၀ ကို စေလွှတ်လျက်ရှိကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောသည်။

အထူးတပ်သားလေ့ကျင့်ရေးနည်းပြများ၊ အကြံပေးများနှင့် ဗုံးရှင်းလင်းရေးအဖွဲ့များ အပါအဝင် တပ်ဖွဲ့များကို စေလွှတ်နေကြောင်း အရှေ့အလယ်ပိုင်းလုံခြံုရေးနှင့် ပတ်သက်ပြီး ပြောဆိုရာတွင် ဝန်ကြီး အက်ရှ်ကာတာက ပြောသည်။

ထိုတပ်ဖွဲ့များက ဆီးရီးယားတွင် ရှိနေဆဲ အမေရိကန်အထူးတပ်ဖွဲ့ အင်အား ၃၀၀ နှင့် ပူးပေါင်းမည်ဖြစ်သည်။

ပြီးခဲ့သည့်လ၌ အမေရိကန်ကျောထောက်နောက်ခံပြုသည့် ကာ့ဒ်နှင့် အာရတ်တိုက်ခိုက်ရေးညွန်ပေါင်းအဖွဲ့က ရက်ကာမြို့သိမ်းရေးကို စတင်ဆင်နွှဲနေပြီဖြစ်ကြောင်း ပြောသည်။

ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ SDF တပ်ဖွဲ့များသည် ဆီးရီးယားရှိ အိုင်အက်စ်တို့၏ မြို့တော်အဖြစ်သတ်မှတ်ထားသည့် မြောက်ပိုင်းဒေသများတွင် နယ်မြေသိမ်းပိုက်မှုများ အောင်ပွဲရထားသည်။

ယခုစေလွှတ်သည့် တပ်ဖွဲ့ ၂၀၀ သည် အိုင်အက်စ်ကို တိုက်ခိုက်ရန်အတွက် ဌာနေတပ်ဖွဲ့များကို လေ့ကျင့်ပေးခြင်း၊ စစ်လက်နက်တပ်ဆင်ခြင်းနှင့် စစ်ရေးစွမ်းရည်မြှင့်တင်ပေးခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကာတာက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required