မြောက်ပုုိင်းမဟာမိတ်တပ်ဖွဲ့များကုုိ အကြမ်းဖက်အဖွဲ့ သတ်မှတ်ရန် ရှမ်းပြည်လွှတ်တော် ဆုံုးဖြတ်

မြောက်ပုုိင်းမဟာမိတ်တပ်ဖွဲ့များကုုိ အကြမ်းဖက်အဖွဲ့ သတ်မှတ်ရန် ရှမ်းပြည်လွှတ်တော် ဆုံုးဖြတ်

ချင်းမုုိင်၊ ဒီဇင်ဘာလ ရ ။              ။ မြန်မာ့တပ်မတော်နှင့် တုုိက်ပွဲဖြစ်ပွားနေသော မြောက်ပုုိင်းမဟာမိတ်တပ်များကုုိ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ရန် ဒီဇင်ဘာလ ရ ရက်က ကျင်းပသော ရှမ်းပြည်နယ် လွှတ်တော်တွင် အတည်ပြု ဆုံုးဖြတ်လုုိက်ကြောင်း သိရသည်။

ရှမ်းပြည်နယ်လွှတ်တော်ကုုိ အရေးပေါ်ခေါ်ယူခဲ့သော ဒီဇင်ဘာလ ၆ ရက်နေ့တွင် KIA၊ TNLA၊ MNDAA နှင့် AA  တပ် ဖွဲ့တုုိ့ကုုိ အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ရန် အရေးကြီး အဆုုိကုုိ ရှမ်းပြည််နယ်လွှတ်တော်သုုိ့ တင်သွင်းခဲ့ခြင်း ဖြစ် ပြီး ယနေ့တွင် ဆုံုးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟုု ရှမ်းတုုိင်းရင်းသားများ ဒီမုုိကရေစီအဖွဲ့ချုပ်(SNLD) ကျောက်မဲမြို့နယ် ပြည် နယ်လွှတ်တော်ကုုိယ်စားလှယ် စုုိင်းထွန်းဉာဏ်က ပြောသည်။

“အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖုုိ့ တပ်မတော်နဲ့ ယူအက်စ်ဒီပီတုုိ့ ထောက်ခံအား ပုုိများသွားတာပေါ့။ လွတ် တော် ဥက္ကဋ္ဌအပါ ၁၁၆ ဦးမှာ ထောက်ခံမဲ ၆၃ မဲနဲ့ ဆုံုးဖြတ်လုုိက်တယ် ”ဟုု စုုိင်းထွန်းဉာဏ်က ပြောသည်။

ယင်းအဆိုအား လွတ်တော်တွင် မဲပေးပုုိင်ခွင့်ရှိသူပေါင်း ၁၁၆ ဦး ရှိရာမှ ထောက်ခံမဲ ၆၃ မဲ၊ ကန့်ကွက်မဲ ၄၅ မဲနှင့် ကြား နေမဲ ရ မဲ ဖြင့် ဆုံုးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ကြံ့ခုုိင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လားရှိူးမြို့နယ် ပြည်နယ် လွှတ်တော်ကုုိယ်စားလှယ် ဦးအောင်သူက မြောက်ပုုိင်းမဟာမိတ်တပ်ဖွဲ့များကုုိ အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ရန် ဒီဇင်ဘာလ ၆ ရက်နေ့က ပြည်နယ်လွှတ် တော်သုုိ့ အရေးကြီးအဆုုိ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

အဆုုိကုုိ တပ်မတော်သား ကုုိယ်စားလှယ် ၂ ဦးနှင့် USDP ပါတီမှ ကုုိယ်စားလှယ် ၄ ဦးတိုု့ ထောက်ခံ ဆွေးနွေးခဲ့ပြီး အ မျိုးသားဒီမုုိကရေစီအဖွဲ့ချုပ်(NLD)မှ ကုုိယ်စားလှယ် ၁ ဦးကန့်ကွက်ဆွေးနွေးခဲ့သည်ဟုု ဦးစုုိင်းဉာဏ်ထွန်းက ပြောသည်။

“ဒါက အဆုုိလာကတည်းကုုိက တပ်မတော်နဲ့ ပတ်သက်အဆိုပေါ့လေ။ ကျနော်တိုု့ မြင်နေတာကတော့ လက်နက်ကုုိင် ၄ ဖွဲ့နဲ့ တပ်မတော်က operation လုုပ်ဆောင်နေကြတာဘဲ။ ပြည်ထောင်စုု လွှတ်တော်မှာ တင်တဲ့အချိန်ကြတော့ ဆွေးနွေး ခွင့်မရဘူး။ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ဒါက ဒုုိ့ပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စပေါ့။ ရှမ်းပြည်နယ်ကလည်း ပြည် ထောင်စုုရဲ့ သီးခြားဆောင်ရွက်ပုုိင်ခွင့်ရှိတယ်ဆုုိတဲ့ သဘောနဲ့ ဒီအဆုုိကုုိ လက်ခံတဲ့သဘောပေါ့လေ”ဟုု သူက ပြော သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်တွင်လည်း  ကာကွယ်ရေးဝန်ကြီး ဒုုဗုုိလ်ချုပ်ကြီး စိန်ဝင်းက မြောက်ပုုိင်းမဟာမိတ်တပ်ဖွဲ့ကုုိ အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်သင့်ကြောင်း ပြောကြားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required