ကစားသမားများရဲ့ အပြုအမှုများအတွက် မန်စီးတီးနှင့် ချယ်လ်ဆီးတို့ ပြစ်ဒဏ် ချမှတ်ခံရ

ကစားသမားများရဲ့ အပြုအမှုများအတွက် မန်စီးတီးနှင့် ချယ်လ်ဆီးတို့ ပြစ်ဒဏ် ချမှတ်ခံရ

မန်စီးတီးနှင့် ချယ်လ်ဆီးတို့ဟာ ပြီးခဲ့တဲ့ စနေနေ့က ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်စဉ်အတွင်း ၎င်းတို့ရဲ့ ကစားသမားများကို ထိန်းချုပ်ရန် ပျက်ကွက်မှုများအတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က နှစ်သင်းလုံးကို ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရှိရပါတယ်။

အီးဟတ်ကွင်းမှာ ချယ်လ်ဆီးက ၃-၁ ဂိုးနဲ့ မန်စီးတီးကို အနိုင်ရတဲ့ပွဲရဲ့ ပွဲချိန် ၉၅ မိနစ်မှာ နှစ်ဖက်ကစားသမားများ အငြင်းပွားရန်ဖြစ်ရာကနေ အခုလို FA က ပြစ်ဒဏ် ချမှတ်လိုက်တာဖြစ်ပါတယ်။

မန်စီးတီးရဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွဲရိုးနှင့် ကွင်းလယ်လူ ဖာနန်ဒီဟိုတို့မှာ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရပေမယ့် ချယ်လ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်စ်မှာ ထပ်မံအရေးယူမှုနဲ့ ရင်ဆိုင်ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

မန်းစီးတီး နည်းပြ ဂွာဒီယိုလာက ချယ်လ်ဆီးနှင့်ပွဲမှာ ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်ခဲ့တဲ့ မိမိရဲ့ အသင်းသားတွေအတွက် တောင်းပန်ခဲ့ပါတယ်။

ချယ်လ်ဆီးနောက်ခံလူ ဒေးဗစ်လုဇ်ကို ကြမ်းတမ်းစွာ တားဆီးခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် အဂူရိုဟာ (၄)ပွဲ ပွဲပယ်ပြစ်ဒဏ်ချမှတ် ခံရပြီး ဒါက ယခုနှစ်ရာသီမှာ အလားတူ တစ်ကြိမ်ထုတ်ပယ်ခံရဖူးရာ ပထမတစ်ကြိမ်မှာ သြဂုတ်က ဝက်စ်ဟမ်းနောက်ခံလူ ဝင်စတန်ရိဒ်အပေါ် ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

ဖာနန်ဒင်ဟိုမှာလည်း ဖာဘရီဂတ်စ်ကို လိုက်ခံရန်ရှာခဲ့တဲ့အတွက် ၃ ပွဲ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရပါတယ်။

ကလပ်နှစ်သင်းလုံးဟာ အဆိုပါချမှတ်လိုက်တဲ့ အရေးယူမှုအတွက် ဒီဇင်ဘာ ၈ ရက်၊ ညနေ ၆ နာရီအထိ တုံ့ပြန်နိုင်တယ်လို့ သိရပါတယ်။

Ref; BBC Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required