ဧရာဝတီ နှင့် ချင်းတွင်းမြစ်ရေလျှံကာ ရန်ကုန်၊ ပဲခူး တွင်ရေလွှမ်းနိုင်

ဧရာဝတီ နှင့် ချင်းတွင်းမြစ်ရေလျှံကာ ရန်ကုန်၊ ပဲခူး တွင်ရေလွှမ်းနိုင်

ရန်ကုန်၊ ဇူလိုင် ၁၆ ။      ။ လာမည့် တစ်ပတ်အတွင်း ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ်ရေလျှံကာ ရန်ကုန်တိုင်း နှင့် ပဲခူးတိုင်းတို့ တွင် ရေဖုံးလွှမ်းမှု အနေအထား မြင့်တက်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က မဇ္ဈိမကို ပြောသည်။

"မိုးများတော့ အခုလည်းရေတက်နေတာပဲ။ နောက်တစ်ပတ်လောက်ဆို ပိုပြီးရေကြီးနိုင်တယ်၊ မိုးရွာချိန်ကများတော့ ဧရာဝတီမြစ် ကနေ ချင်းတွင်းမြစ်ရေက ဆင်းလားမှာလေ၊ အပေါ်ကနေအောက်ကို ဆင်းတာပဲ မြင့်ရာကနေ နိမ့်တဲ့အပိုင်းတွေကို ဆင်းလာ တာပေါ့၊ အဲဒါကြောင့် ရန်ကုန်တို့၊ ပဲခူးတို့မှာ ရေကြီးနိုင်တာပေါ့"ဟု ၎င်းကပြောသည်။

ဇူလိုင် ၁၆ရက်မှစပြီး ငါးရက်မှ ခုနှစ်ရက်အတွင်း ရေကြီးနိုင်သည်ဟုလည်း ခန့်မှန်းထားသည်။

မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် မြစ်ရေကြီးမှု စတင်ဖြစ်လာခြင်းကိုနာဆာရဲ့ ဂြိုဟ်တုတိုင်းတာချက်အရ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုတ်လေ အားကောင်းသာကြောင့် မိုးရွာချိန်များခြင်းဖြစ်သည်။

လက်ရှိတွင်ဧရာဝတီမြစ်(ပူတာအိုဒေသ) နှင့် ချင်းတွင်းမြစ်(ဟုမ္မလင်းဒေသ)များတွင် ရေဖုံးလွှမ်းခံရမှုအခြေအေနေသည် သာမာန် ထက်ပိုများသည့် အလယ်အလတ်အဆင့်ကို ရောက်ရှိနေသည် ဟု ၎င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required