မန်ယူအသင်းခေါင်းဆောင်ရာထူးကို ရွန်နီဆုံးရှုံးမည်မဟုတ်ဟု မော်ရင်ဟိုပြော

မန်ယူအသင်းခေါင်းဆောင်ရာထူးကို ရွန်နီဆုံးရှုံးမည်မဟုတ်ဟု မော်ရင်ဟိုပြော

အောက်တိုဘာ ၂၊ မန်ချက်စတာ။              ။ ဝိန်းရွန်နီသည် ပွဲထွက်စာရင်းတွင်နေရာပျောက်နေသော်လည်း အသင်းခေါင်းဆောင်အဖြစ် ဆက်ရှိနေဦးမည်ဖြစ်ကြောင်း နည်းပြ မော်ရင်ဟိုက ပြောသည်။

ရွန်နီသည် ပြီးခဲ့သည့်တစ်ပတ်က လက်စတာကိုအနိုင်ရသည့် ပရီးမီးယားလိဂ်ပွဲတွင် ပွဲထွက် ၁၁ ယောက်စာရင်း၌ ပါဝင်ခဲ့ခြင်းမရှိ သည့်အပြင် ဇော်ရာနှင့်ကစားသည့် ယူရိုပါလိဂ်ပွဲတွင်လည်း အရန်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရသည်။

သို့သော်လည်း ရွန်နီအနေဖြင့် အသင်းခေါင်းဆောင်တာဝန်နှင့်ပတ်သက်ပြီး စိုးရိမ်စရာမလိုကြောင်း နည်းပြမော်ရင်ဟိုက ပြောသည်။

“ဘာပဲဖြစ်ဖြစ် ရွန်နီက အသင်းခေါင်းဆောင်ပါ။ သူကွင်းထဲမှာရှိရှိ၊ မရှိရှိ ကိစ္စမရှိဘူး။ သူက ကျွန်တော့်ရဲ့၊ အသင်းရဲ့၊ ကစားသမားတွေရဲ့ အသင်းခေါင်းဆောင်ပါ။

လူတိုင်းကိုဦးဆောင်နိုင်ဖို့ဆိုတာ ခက်ပါတယ်။ သူ့ကို အားလုံးကလေးစားထောက်ခံကြတယ်။ သူက မန်ချက်စတာယူနိုက်တက် လူပဲ။ ပရော်ဖက်ရှင်နယ်ကောင်းတစ်ယောက်ဖြစ်ပြီး အောင်ပွဲကိုဆာလောင်တယ်။ ဂိုးသွင်းနိုင်တဲ့အခါ ပျော်နေတယ်။

သူက ကစားသမားတွေနဲ့ လူတွေကို လှုံဆော်ပြောဆိုနိုင်တယ်။ အဝတ်လဲခန်းထဲမှာလည်း အဲဒီအတိုင်းအတိအကျပဲ။ သူက ကျွန်တော်တို့ရဲ့လူပါ။ သူကျွန်တော်တို့အတွက် ဂိုးတွေသွင်းပေးမယ်၊ ပြင်းပြင်းထန်ထန်ကြိုးပမ်းပေးမယ်ဆိုတာ သံသယမရှိပါဘူး” ဟု မော်ရင်ဟိုက ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required