လိင်ပြောင်းလဲခံယူခဲ့သူ မင်းသမီး Alexis Arquette ကွယ်လွန်

လိင်ပြောင်းလဲခံယူခဲ့သူ မင်းသမီး Alexis Arquette ကွယ်လွန်

မင်းသမီး နှင့် တက်ကြွလှှုပ်ရှားသူ Alexis Arquette သည် အသက် ၄၇ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။

သရုပ်ဆောင် David ၊ Rosanna နှင့် Patricia Arquette တို့၏ မောင်နှမ တစ်ဦးဖြစ်သူ Alexis Arquette သည် အမျိုးသားတစ်ဦး အဖြစ်မှ အမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲခံယူခဲ့သူဖြစ်သည်။ သူသည် တနင်္ဂနွေနေ့ နံနက်က ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

သူကွယ်လွန်သွားကြောင်း သတင်းကို သူနှင့် မောင်နှမ တော်စပ်သူ Richmond က ဖေ့စ်ဘွတ် တွင် အတည်ပြုခဲ့ခြင်ဖြစ်ပြီး၊ Patricia က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ Alexis Arquette သည် David Bowie ၏ ဂီတကို ခံစားနားထောင်ရင်း ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ကြောင်း သူက ဆိုခဲ့သည်။

Alexis Arquette သည် Pulp Fiction နှင့် The Wedding Singer ဇာတ်ကားများထဲတွင် ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။

“လှောင်ပြောင်စော်ကားသော၊ သိမ်းကျုံး နှိမ့်ချထားသော ဇာတ်ရုပ်များအား သရုပ်ဆောင်ရေးကို သူက ငြင်းဆန်ခဲ့သည်” ဟု ကြေညာချက်ထဲတွင် ရေးသားထားသည်။

“လိင်ပြောင်းလဲခံယူသူများ အားလုံးကို နားလည်အသိအမှတ်ပြုလာကြစေရေး အတွက် တိုက်ပွဲဝင်ခဲ့ရာတွင် သူသည် ရှေ့တန်းမှ ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်” ဟု ကြေညာချက်က ဆိုသည်။

Alexis Arquette သည် အေအိုင်ဒီအက်စ် နှင့် ဆက်နွယ်နေသည့် ရောဂါဝေဒနာများကြောင့် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ကြောင်း သူနှင့် နီးစပ်သူတစ်ဦးက People မဂ္ဂဇင်းကို အတည်ပြုပြောကြားခဲ့သည်ဟု သတင်းအချို့က ဖော်ပြခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required