အမေရိကန် ဟာသသရုပ်ဆောင်မင်းသားကြီး ဂျင်ဝိုင်လ်ဒါကွယ်လွန်

အမေရိကန် ဟာသသရုပ်ဆောင်မင်းသားကြီး ဂျင်ဝိုင်လ်ဒါကွယ်လွန်

နယူးယော့ခ်၊ သြဂုတ် ၃၀ ။                ။ “ Willy Wonka  & the Chocolate Factory” ရုပ်ရှင်ကားတွင် ခေါင်းဆောင်မင်းသားနေရာမှ ပါဝင်သရုပ်ဆောင်ခဲ့သော အမေရိကန်ဟာသမင်းသား ဂျင်ဝိုင်လ်ဒါသည်  အသက် ၈၂ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ၎င်း၏မိသားစုက အတည်ပြုပြောကြားခဲ့သည်။

ဂျင်ဝိုင်လ်ဒါသည် “ The Producers”  ၊ “ Blazing Saddles” နှင့် “ Young Frankenstein ” ကဲ့သို့ေသော ဂန္တဝင်ရုပ်ရှင်များတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

ဂျင်ဝိုင်လ်ဒါသည် ကွန်နက်တီကပ်ပြည်နယ် စတမ်းဖို့ဒ်မြို့တွင် သြဂုတ်၂၈ရက်က ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းသည့်  အယ်လ်ဇိုင်းမားရောဂါဖြင့် နေအိမ်တွင် ကွယ်လွန်ခဲ့ကြောင်း ၎င်း၏ မိသားစုက ပြောကြားခဲ့သည်။

ဝိုင်လ်ဒါသည် ၁၉၇၁ ခုနှစ်က “ Willy Wonka  & the Chocolate Factory” ရုပ်ရှင်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သော ဝီလီဝေါကာဇာတ်ရုပ်သည် ၎င်းအားလူသိများစေခဲ့သော ဇာတ်ရုပ်ဖြစ်သည်။

ဝိုင်လ်ဒါ၏ အခြားသော လူသိများသော ဇာတ်ရုပ်များသည် ၁၉၇၄ ခုနှစ်က ဂန္တဝင်ရုပ်ရှင်ကား “ Blazing Saddles” တွင် ဝါကိုကစ်ဒ် ဇာတ်ကောင်စရိုက် ၊ ဝူဒီအဲလန်ဒ်၏ ၁၉၇၂ ခုနှစ် ရုပ်ရှင်ကား “ Everything You Wanted to Know About Sex* But Were Afraid to Ask” တွင် သရုပ်ဆောင်ခဲ့သော ဒေါက်တာ ရော့စ် ဇာတ်ရုပ်တို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required