လေးလောင်ပြိုင်လူသတ်မှု အမှုမှန်ပေါ်ပေါက်ရန် ရဲတပ်ဖွဲ့ အကူအညီတောင်း

လေးလောင်ပြိုင်လူသတ်မှု အမှုမှန်ပေါ်ပေါက်ရန် ရဲတပ်ဖွဲ့ အကူအညီတောင်း

မင်္ဂလာဒုံမြို့နယ်တွင် ပေါ်ပေါက်ခဲ့သည့် လေးလောင်းပြိုင် လူသတ်မှုအတွက် အမှုမှန်ပေါ်ပေါက်ရေး ကူညီသတင်းပေးကြပါရန် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် “သေဆုံးခဲ့ကြသည့်အမှုကို ထောက်ကြန့် နယ်မြေရဲစခန်း(ပ)၅၀၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ အမှုမှန်ပေါ်ပေါက်စေရေးအတွက် အပူတပြင်း စုံစမ်းဖော်ထုတ် လျက်ရှိပါသည်” ဟု ဆိုထားသည်။

သေဆုံးသွားခဲ့သူ မချယ်ရီပွင့်၏ လက်ကိုင်ဖုန်းအတွင်း ရိုက်ကူးထားသည့် မသင်္ကာသူ သုံး၏ ဓာတ်ပုံကို ဖြန့်ဝေထားပြီးဖြစ်ကာ “ပြည်သူများအနေဖြင့်လည်း အဆိုပါဓာတ်ပုံပါ မသင်္ကာသူ ၃ ဦးနှင့် ပတ်သက်၍ သတင်းအချက်အလက် တစ်စုံတစ်ရာရရှိပါက ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ သတင်းလက်ခံဌာန 199 Call Centre ဖုန်း အမှတ် ၁၉၉၊ ၀၁-၂၃၂၃၁၉၉ သို့ ဆက်သွယ်သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်း ကူညီပေးနိုင်ပါရန်နှင့် သတင်းပေးပို့သူ၏ လုံခြုံရေးကို လျှို့ဝှက်ထားမည်ဖြစ် ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်” ဆိုသည်။

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့က မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပတ္တမြားမြို့သစ် ရပ်ကွက်၊ မြအေးချမ်းလမ်းသွယ်တွင် နေထိုင်သူ ဦးစိုးနောင်နှင့် ၎င်း၏မိသားစုများဖြစ်သော ဇနီးဖြစ်သူ မချယ်ရီပွင့်၊ သားဖြစ်သူ မောင်ဟန်သူရနှင့် မောင်စွမ်းထက်မြက်တို့ ၄ ဦး အသတ်ခံခဲ့ရကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required