မင်္ဂလာဒုံရဲစခန်းကို Special Nway Oo(SNO) အဖွဲ့ မိုင်းခွဲတိုက်ခိုက်

By ဂန္ဒမာ(မဇ္ဈိမ)
03 June 2023
မင်္ဂလာဒုံရဲစခန်းကို Special Nway Oo(SNO) အဖွဲ့ မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမပေါ်ရှိ မင်္ဂလာဒုံရဲစခန်းအား Special Nway Oo(SNO)အဖွဲ့က ဇွန်လ ၁ ရက် ည ၈နာရီ ၃၀မိနစ်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon UG Association (YUA)က ထုတ်ပြန်သည်။ 

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုအား Yangon UG Association (YUA) ၏ "အသက်လျော်ကြေး စစ်ဆင်ရေး"အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ရဲစခန်းကို မိုင်းဆင်ပြီးခွဲလိုက်တာပါ။ ပြီးတော့ အလစ်အငိုက်မှာ ခွဲလိုက်တာပါ" ဟု Yangon UG Association မှ တာဝန်ခံ ဆရာကျောင်းက မဇ္ဈိမကို ပြောသည်။

မင်္ဂလာဒုံရဲစခန်းအား အဝေးထိန်းမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ‌တိုက်ခိုက်မှု နောက်ဆက်တွဲအနေဖြင့် ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသော်လည်း ဒေသခံများ၏ ပြောပြချက်သာဖြစ်သဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ဆရာကျောင်းက ဆက်ပြောသည်။

ယခုပြုလုပ်သည့် မိုင်းခွဲတိုက်ခိုက်မှုသည် Yangon UG Association(YUA) "အသက်လျော်ကြေး စစ်ဆင်ရေး"၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး ခုနစ်ကြိမ်မြောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

စာတည်း။        ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required