အီတလီတွင် အားပြင်းငလျင်လှုပ်၍ အဆောက်အအုံတစ်ချို့ ပျက်စီးမှုရှိ

အီတလီတွင် အားပြင်းငလျင်လှုပ်၍ အဆောက်အအုံတစ်ချို့ ပျက်စီးမှုရှိ

ရောမ၊ သြဂုတ် ၂၄ ။                ။ အီတလီနိုင်ငံ နော်စီယာမြို့အနီးတွင် သြဂုတ် ၂၄ ရက်အစောပိုင်းက အင်အား ၆ ဒဿမ ၂ အဆင့် ငလျင်လှုပ်ကြောင်း အမေရိကန်ဘူမိတိုင်းတာရေးက ပြောသည်။

ငလျင်ဗဟိုမှ ၁၀၅ မိုင်အကွာ မြို့တော် ရောမပြည်သူများ ငလျင်ဒဏ်ကြောင့် လန့်နှိုးခဲ့သည်။ ငလျင်လှုပ်ချိန်က ဒေသစံတော်ချိန် နံနက် ၃ နာရီ ၃၆ မိနစ်တွင်ဖြစ်သည်။ အဆောက်အအုံများ ပြိုကျသည့် သတင်းများကြားရကြောင်း အီတလီ မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူ ပြောပြီး အသေးစိတ်ပြောကြားခြင်း မရှိပေ။

အမေရိကန် ဘူမိတိုင်းတာရေးက အစောပိုင်း၌ ငလျင်အင်အား ၆ ဒဿမ ၄ ရှိပြီး မြေအောက် ၆ ဒဿမ ၂ မိုင်ကို ဗဟိုပြုလှုပ်ကြောင်း အစောပိုင်းက ပြောထားသည်။ “ကျွန်တော် ဘဝတစ်သက်တာမှာ အဆိုးဝါးဆုံး ငလျင်ပါ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အစိုးရက နိုင်ငံ၏ မြို့ပြကာကွယ်ရေးအေဂျင်စီနှင့် လက်တွဲလုပ်ဆောင်လျက်ရှိကြောင်း သမ္မတရန်ဇီ၏ ပြောရေးဆိုခွင့်ရှိသူက တွစ်တာတွင် ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required