အီတလီနှင့် စပိန်သို့ သွားရန် အခွင့်အရေးရခဲ့သော်လည်း ပရီးမီးယားလိဂ်ကို ရွေးချယ်ခဲ့ခြင်းဟု မော်ရင်ဟို ဖွင့်ဟ

အီတလီနှင့် စပိန်သို့ သွားရန် အခွင့်အရေးရခဲ့သော်လည်း ပရီးမီးယားလိဂ်ကို ရွေးချယ်ခဲ့ခြင်းဟု မော်ရင်ဟို ဖွင့်ဟ

သြဂုတ် ၂၃၊ မန်ချက်စတာ ။              ။ မန်ယူနည်းပြမော်ရင်ဟိုက လူးဝစ္စဗန်ဟားလ်၏နေရာကို မဆက်ခံမီ အီတလီနှင့်စပိန်သို့သွားရန် အခွင့်အရေးများရခဲ့သော်လည်း ငြင်းဆန်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ပရီးမီးယားလိဂ်တွင် မန်ယူအသင်းကိုနည်းပြခွင့်သည် သူ့ကို မငြင်းဆန်နိုင်အောင် ဆွဲဆောင်ခဲ့ကြောင်း မော်ရင်ဟိုက ဝန်ခံခဲ့သည်။

‘ကျွန်တော် အီတလီကိုသွားဖို့ အခွင့်အရေးရခဲ့သလို စပိန်ကလည်း ကမ်းလှမ်းမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်က လုံးဝစပါယ်ရှယ်ပါပဲ။

ပရီးမီးယားလိဂ်မှာက အသင်းတိုင်း ပြိုင်ဆိုင်မှု ပြင်းထန်ကြပါတယ်။ အခြားလိဂ်တွေမှာလို အသင်းကြီးတွေက အသင်းငယ်တွေကို နောက်ကောက်ချထားလို့ မရပါဘူး’ ဟု မော်ရင်ဟိုက ပရီးမီးယားလိဂ်ပြိုင်ပွဲကို ကြိုက်နှစ်သက်သည့်အကြောင်းအရင်းအား ဖွင့်ဟခဲ့သည်။

ထို့အပြင် မော်ရင်ဟိုက ပရီးမီးယားလိဂ်တွင် ပွဲစဉ်တိုင်းကို အနိုင်ရရန်မဖြစ်နိုင်ကြောင်းပြောဆိုခဲ့ပြီး ရာသီအစရလဒ်များကောင်းမွန်အောင် ကြိုးစားရန် အသင်းသားများအား တိုက်တွန်းထားသည်။

ရည်ညွှန်း မာကာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required