အဂွဲရိုး၊ နိုလီတိုတို့ရဲ့ သွင်းဂိုးနဲ့ မန်စီးတီး နိုင်ပွဲဆက်

အဂွဲရိုး၊ နိုလီတိုတို့ရဲ့ သွင်းဂိုးနဲ့ မန်စီးတီး နိုင်ပွဲဆက်
(ဓာတ်ပုံ - မန်စီးတီး)

ပရီးမီးယားလိဂ် ပွဲစဉ်(၂) စနေနေ့ည အစောပိုင်း ကစားခဲ့တဲ့  စတုတ်စီးတီးနဲ့ မန်ချက်စတာစီးတီးတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဆာဂျီယို အဂွဲရိုးနဲ့ နိုလီတိုတို့ နှစ်ဂိုးစီသွင်းပြီး မန်စီးတီးအသင်းက အဝေးကွင်းမှာ (၄-၁) ဂိုးနဲ့ နည်းပြ ဂွာဒီယိုလာ လက်အောက်မှာ နိုင်ပွဲဆက်ခဲ့ပါတယ်။

အဂွဲရိုးဟာ ချန်ပီယံလိဂ် ခြေစစ်ပွဲမှာ ပယ်နယ်တီ နှစ်ကြိမ် လွဲချော်ခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ ပွဲချိန် (၂၇) မိနစ်မှာ ရရှိတဲ့ ပယ်နယ်တီကို ယုံကြည်မှုအပြည့်နဲ့ သွင်းယူသွားနိုင်ပြီး မန်စီးတီးအသင်း ဦးဆောင်ဂိုးရခဲ့ပါတယ်။ အဂွဲရိုးကပဲ (၃၆)မိနစ်မှာ ဒီဘရိုင်းရဲ့ ပြစ်ဒဏ်ဘော ဖရီးကစ်ပေးပို့မှုကတစ်ဆင့် ဒုတိယဂိုးကို သွင်းယူခဲ့ပြန်ပါတယ်။

ဒုတိယပိုင်းမှာ ဒီပွဲရဲ့ ဒုတိယ ပင်နယ်တီကို အိမ်ရှင် စတုတ်အသင်းက ရရှိပြီး ကာကစ်က (၄၉)မိနစ်မှာ သွင်းယူခဲ့ပါတယ်။

ဒါပေမယ့် မန်စီးတီးအတွက် နောက်ကျဂိုး နှစ်ဂိုးကို လူစားဝင်လာတဲ့ နိုလီတိုက ပွဲချိန် (၈၆၊ ၉၅) မိနစ်တွေမှာ သွင်းယူခဲ့ပါတယ်။

မန်စီးတီးအသင်းက ဒီကနေ့နိုင်ပွဲကြောင့် မြို့ခံပြိုင်ဘက် မန်ယူအသင်းကို ရမှတ်တူ (၆) မှတ်၊ ဂိုးကွာခြားချက်လည်းတူ၊ သွင်းဂိုးအသာနဲ့ အမှတ်ပေးဇယားကို လတ်တလော ဦးဆောင်နေပါတယ်။

ပွဲပြီးရလဒ်
စတုတ်စီးတီး ၁-၄ မန်စီးတီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required