မန်စီးတီးအသင်းနှင့် ဂိုးသမားဘရာဗိုတို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုရရှိ

မန်စီးတီးအသင်းနှင့် ဂိုးသမားဘရာဗိုတို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုရရှိ

သြဂုတ် ၁၅၊ အင်္ဂလန် ။                  ။ မန်စီးတီးအသင်းသည် ဘာစီလိုနာအသင်းမှ ချီလီလက်ရွေးစင်ဂိုးသမား ဘရာဗိုကို ခေါ်ယူရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိသွားပြီဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

အသက် ၃၃ နှစ်အရွယ်ရှိ ဘရာဗိုမှာ ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကျန်ရှိနေသေးပြီး ၎င်းကို ခေါ်ယူလိုပါက လျော်ကြေးငွေ ပေါင် ၃၆ သန်း ပေးချေရမည် ဖြစ်သည်။

စပိန်သတင်းစာများကတော့ ဘရာဗိုမှာ မန်စီးတီးအသင်းသို့ပြောင်းရွှေ့ရန် အလွန်နီးစပ်နေပြီဟု ဖော်ပြခဲ့ကြသည့်အတွက် ဂျိုးဟတ်၏ မန်စီးတီးကစားသမားဘဝအနာဂတ်မှာ မှေးမှိန်နေပြီ ဖြစ်သည်။

ဂျိုးဟတ်မှာ ဆန်းဒါးလန်းနှင့်ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် ပွဲထွက်ခွင့်မရရှိခဲ့သလို နောက်ဆုံးသတင်းများအရ နည်းပြ ဂွါဒီယိုလာမှာ ၎င်းကို အသင်းမှ ထွက်ခွာလိုက ထွက်ခွာသွားနိုင်ကြောင်း ပြောဆိုထားသည်ဟု သိရှိရသည်။

ဂွါဒီယိုလာသည် မန်စီးတီးအသင်းကို ရောက်ရှိကတည်းက ဂိုးသမားနေရာကို အားဖြည့်ရန် စီစဉ်ခဲ့ပြီး ဘာစီလိုနာဂိုးသမား တာစတီဂန်ကို နှစ်ကြိမ်တိုင်ကမ်းလှမ်းမှုပြုလုပ်ခဲ့သည်။ ဘာစီလိုနာအသင်းက တာစတီဂန်ကို ရောင်းချမည်မဟုတ်ဟု ပြောဆိုခဲ့သောကြောင့် ဂိုးသမားဘရာဗိုကို ခေါ်ယူရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required