Federal Net အင်တာနက်ကွန်ရက် NUG တိုးချဲ့ဆောင်ရွက်မည်(ရုပ်၊သံ)

By KMN(မဇ္ဈိမ)
19 November 2023
Federal Net အင်တာနက်ကွန်ရက် NUG တိုးချဲ့ဆောင်ရွက်မည်(ရုပ်၊သံ)

အမျိုးသားညီညွှတ်ရေးအစိုးရအနေနဲ့ ပြည်သူကာကွယ်ရေးနဲ့ ဖက်ဒရယ်ယူနစ်အားကောင်းတဲ့ နေရာဒေသတွေမှာ သီးခြားလွတ်လပ်တဲ့ Federal Net အင်တာနက်ကွန်ရက်ကို တိုးချဲ့ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။

လက်ရှိချိန်ထိ နေရာဒေသ ၅၂ နေရာမှာ အင်တာနက်ကွန်ရက်ကို တပ်ဆင်နိုင်ခဲ့ပြီး မြို့နယ် ၅ မြို့နယ်မှာ အင်တာနက် ဆက်သွယ်ရေး မြန်နူန်းမြှင့် သုံးစွဲနိုင်ဖို့ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ၊ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကပြောပါတယ်။

အင်တာနက် ဆက်သွယ်ရေး မြန်နူန်းမြှင့် သုံးစွဲနိုင်ဖို့အတွက် Federal Net Campaign ကို နည်းပညာဝန်ကြီးဌာနက နိုဝင်ဘာလ ၂၀ ရက်နေ့ကနေ တလကြာဆောင်ရွက်ဖို့ရှိနေပါတယ်။

Federal Net Campaign လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားမယ့် နိုင်ငံတကာရန်ပုံငွေရှာဖွေရေးအဖွဲ့တွေ ကနေတဆင့်ပါဝင်လှူဒါန်းနိုင်တယ်လို့လည်းအမျိုးသားညီညွှတ်ရေးအစိုးရ  နည်းပညာဝန်ကြီးဌာနတာဝန်ရှိသူကပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required