ရှဝိန်းစတိုင်ဂါကို ပြန်လည်ခေါ်ယူမည် မဟုတ်ဟု ဘိုင်ယန်မြူးနစ်နည်းပြ အန်ဆလော့တီပြော

ရှဝိန်းစတိုင်ဂါကို ပြန်လည်ခေါ်ယူမည် မဟုတ်ဟု ဘိုင်ယန်မြူးနစ်နည်းပြ အန်ဆလော့တီပြော

သြဂုတ် ၄၊ မြူးနစ်။              ။ မန်ယူအသင်းမှ ထွက်ခွာရဖွယ်ရှိနေသည့် ကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါကို ပြန်လည်ခေါ်ယူသွားမည်မဟုတ်ဟု ဘိုင်ယန်မြူးနစ်နည်းပြ အန်ဆလော့တီကပြောသည်။

“ဘောလုံးလောကမှာ အကယ်၍ ဆိုတာ မရှိပါဘူး။ ရှဝိန်းစတိုင်ဂါကို ပြန်ခေါ်ဖို့ စိတ်ကူးမရှိပါဘူး”ဟု အန်ဆလော့တီက ပြောသည်။

၂၀၁၈ တွင်စာချုပ်သက်တမ်းကုန်မည့် ရှဝိန်းစတိုင်ဂါကို မန်ယူအသင်းနည်းပြသစ် မော်ရင်ဟိုက အသင်းလူစာရင်းမှပယ်ထား သည်။

အသက် ၃၂ နှစ်အရွယ်ကစားသမားမှာ မန်ယူလူငယ်အသင်းနှင့်သာလေ့ကျင့်စေရန် ညွှန်ကြားခံထားရပြီး အရန်အသင်း အဝတ်လဲခန်းကိုသာ အသုံးပြုရမည်ဖြစ်သည်။

ဘိုင်ယန်မြူးနစ် အသင်းခေါင်းဆောင်ဖိလစ်လမ်းက ပြီးခဲ့သည့်နှစ်ကအထိ ဘိုင်ယန်မြူးနစ်အသင်းတွင်သာ ကစားခဲ့သော ရှဝိန်းစတိုင်ဂါကို ပြန်လည်ခေါ်ယူပြီး ကစားသမားဘဝကို ကယ်တင်သင့်သည်ဟု တိုက်တွန်းပြောဆိုထားသည်။

ဘိုင်ယန်ဥက္ကဋ္ဌ ကားလ်ဟိန့်ဇ်ရူမီနစ်ဂီကလည်း ရှဝိန်းစတိုင်ဂါသည် အခြားအနေအထားတစ်ခုဖြင့်အသင်းသို့ ပြန်လာဖွယ်ရှိသည် ဟု ပြောဆိုထားသည်။

သို့သော်အန်ဆလော့တီက “သူဟာ ဘိုင်ယန်အတွက် ထူးခြားတဲ့ကစားသမားဖြစ်ခဲ့တယ်။ ထူးခြားတဲ့ဘောလုံးသမားဖြစ်ခဲ့တယ်။ ဒါပေမဲ့ လက်ရှိအချိန်ကတော့ သူဘိုင်ယန်ကိုပြန်လာသင့်တဲ့ အချိန်မဟုတ်သေးဘူးလို့ ထင်ပါတယ်”ဟု ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required