ဂျပန်ဘုရင် အကီဟီတို လာမည့်နှစ်၌​ နန်းစွန့်မည်

ဂျပန်ဘုရင် အကီဟီတို လာမည့်နှစ်၌​ နန်းစွန့်မည်

တိုကျို၊ ဇူလိုင် ၁၃ ။              ။ ဂျပန်ဘုရင်မင်းမြတ် အကီဟီတိုက လာမည့်နှစ်တွင် နန်းစွန့်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း NHK သတင်းဌာနက ဇူလိုင် ၁၃ ရက်တွင် ကြေညာသွားရာ   ခေတ်သစ်ဂျပန်တွင် မကြုံဖူးသည့် ဖြစ်ရပ်တစ်ခုဖြစ်သည်။

ပြီးခဲ့သည့်နှစ်များအတွင်း ကျန်းမာရေးချုချာလာသည့် သက်တော် ၈၂ နှစ်ရှိပြီဖြစ်သော ဘုရင်မင်းမြတ်က သူ့၏ စိတ်သဘောထားကို နန်းတော်ရာထိန်းသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း NHK က ဖော်ပြသည်။ နန်းစွန့်ရခြင်းနှင့် ပတ်သက်၍မူ တစ်စုံတစ်ရာ ဖော်ပြခြင်းမရှိပေ။

နန်းတော်ရာထိန်းမှ တာဝန်ရှိသူများဖက်က တုံ့ပြန်မှတ်ချက်ပြုပြောဆိုမှုက လတ်တလောထွက်ပေါ်လာခြင်း မရှိသေးပေ။

ဘုရင်ကြီး အကီဟီတိုသည် ထီးနန်းစိုးစံချိန် နှစ်ပေါင်း ၂၇ နှစ်ရှိပြီဖြစ်သည်။ ၁၉၃၃ ခုနှစ်က ဖွားမြင်ကာ ဒုတိယကမ္ဘာစစ်ကို တိုက်ခဲ့သူ ဘုရင်ကြီး ဟီရိုဟီတို၏ အရိုက်အရာကို ဆက်ခံကာ ထီးနန်းစိုးစံခဲ့ခြင်းဖြစ်သည်။ အကီဟီတို၏ ထီးနန်းအရိုက်အရာအား အိမ်ရှေ့စံမင်းသား နာရူဟီတိုက ဆက်ခံမည်ဖြစ်ကာ ၎င်းက သက်တော် ၅၆ နှစ်အရွယ်ရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required