ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီက ရန်ကုန် နှင့် ရခိုင်ရှိအစ္စလာမ်ဘာသာဝင်အများစုရှိသည့် နေရာများတွင် ရွေးကောက် ပွဲဝင်မည်

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီက ရန်ကုန် နှင့် ရခိုင်ရှိအစ္စလာမ်ဘာသာဝင်အများစုရှိသည့် နေရာများတွင် ရွေးကောက် ပွဲဝင်မည်

ရန်ကုန် ၊ ဇူလိုင် ၇ ။       ။ အစ္စလာမ်ဘာသာဝင်များဖြင့် ဖွဲ့စည်းထားသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီက ရန်ကုန်နှင့် ရခိုင်မှ အစ္စလာမ် ဘာသာဝင်အများစုရှိသည့် မြို့နယ် ၇ခုမှ နေ၍  ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ပါတီဥက္ကဌ ဦးကျော်မင်းက ဇူလိုင်  ၆ရက်တွင် မဇ္ဈိမကိုပြောသည်။

၎င်းက "ရန်ကုန်က ပန်းပဲတန်း၊ မင်္ဂလာတောင်ညွှန့်၊ သင်္ဃန်းကျွန်းတို့လို့ အစ္စလာမ်အများစု ရှိတဲ့ဆီကဝင်မယ်၊ ရခိုင်ကတော့ ရသေ့တောင်၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောက ပြည်နယ် လွှတ်တော်အတွက် ဝင်ဖို့ လျာထားတာ ကိုယ်စားလှယ်တွေတော့ မရွေးရသေးဘူး" ဟု ပြောသည်။

ပါတီ အနေဖြင့် ရန်ကုန်နှင့် ရခိုင်ပြည်နယ်များတွင် အဓိကဝင်ရောက်မည်ဖြစ်သော်လည်း မန္တလေး တိုင်း၊ မွန်ပြည်နယ် နှင့် ဧရာဝတီတိုင်းတို့တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်နယ်/တိုင်း ၅ခုတွင် နေရာပေါင်း ၃၀ထိ ယှဉ်ပြိုင်ရန် ပါတီက လျာထားသည်ဟု ဦးကျော်မင်းကဆိုသည်။

အစ္စလာမ်ဘာသာဝင်များဖြင့် ဖွဲ့စည်းထားသည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီသည် လူ့အခွင့် အရေးရရှိရေး နှင့် ပြည်သူများ ဆန္ဒနှင့် အညီအုပ်ချုပ်နိုင်သည့် ဒီမိုကရေစီစနစ်ဖော်ထွန်းရေးအတွက် တွန်းအား ပေးကာ ရွေးကောက်ပွဲ သို့ ဝင်ရောက်သွားရန် ရည်ရွယ်ထားသည်ဟု ပါတီမူဝါဒ အရသိရသည်။

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်ထားသော်လည်း ပြန်လည်ပြင်ဆင်လိုက်သည့် နိုင်ငံရေး ပါတီများမှတ်ပုံ တင်ခြင်းဥပဒေပါ နိုင်ငံသားပြုခွင့်ရရှိသူများသာ ပါတီထောင်ခွင့် ၊ ၊ဝင်ရောက် ရွေးချယ်ခံခွင့် ရှိသဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့် အရေးပါတီမှ ဝင်ရောက်ရွေးချယ်နိုင်မည့် ကိုယ်စား လှယ်လောင်းမရသည့် အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု ဦးကျော်မင်း က ပြောသည်။

နိုင်ငံရေးမှတ်ပုံတင်ခြင်းဥပဒေအရပါ ပါတီတည်ထောင်ခွင့်ရှိသူ၊ ပါတီဝင်များသည်နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ ဥပဒေအရ နိုင်ငံသား၊ ယာယီနိုင်ငံသား ဟူသည့် စကားရပ်အစား၊ နိုင်ငံသား၊ ဥပဒေ အရ နိုင်ငံသားဟု ၂၀၁၄ခုနှစ် နိုဝင်ဘာ ၃ရက်တွင် ပြင်ဆင်ခဲ့သည့် အတွက်ဒီမိုကရေစီနှင့် လူ့အခွင့် အရေးပါတီမှ ယာယီ နိုင်ငံသားကဒ်ကိုင်ဆောင်သူ ၁၀၀၀ကျော်ကို မတ်လအတွင်းက ထုတ်ပယ် ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required