ကိဘ်နှင့် မင်းမင်းသူတို့ကို နှစ်ပွဲပယ်နှင့် ဒဏ်ငွေနှစ်သိန်း ချမှတ်

ကိဘ်နှင့် မင်းမင်းသူတို့ကို နှစ်ပွဲပယ်နှင့် ဒဏ်ငွေနှစ်သိန်း ချမှတ်
ဧရာဝတီအသင်းနှင့် ရတနာပုံအသင်းတို့ပွဲ၌ မင်းမင်းသူအားတွေ့ရစဉ်။ (ဓာတ်ပုံ - ဧရာဝတီယူနိုက်တက်)

မေ ၂၇ ၊ ရန်ကုန် ။              ။ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၁၂) ပွဲစဉ် တစ်ပွဲဖြစ်သည့် ဧရာဝတီယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ ပွဲတွင် တိုက်ရိုက်အနီကတ်အပြခံခဲ့ရသည့် ကိသ်နှင့် မင်းမင်းသူ တို့ကို နှစ်ပွဲပယ်နှင့် ဒဏ်ငွေနှစ်သိန်းစီ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ချမှတ်လိုက်သည်။

အဆိုပါပွဲတွင် ပွဲချိန် ၁၈ မိနစ်၌ ကိသ်နှင့် မင်းမင်းသူ တို့သည် တစ်ဦးနှင့် တစ်ဦး အချင်းများကာ တွန်းထိုးမှုများဖြစ်ခဲ့ပြီး ကွင်းလယ်ဒိုင်မှ နှစ်ဦးစလုံးကို တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

ယင်းပွဲတွင် တစ်ဖက်နှင့်တစ်ဖက် အချင်းများမှုများ မကြာခဏ ဖြစ်ပွားခဲ့ပြီး ပွဲချိန် ဒုတိယပိုင်း၌လည်း ရတနာပုံနောက်ခံလူ သိန်းသန်းဝင်းး နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခရဲ့သည်။ သိန်းသန်းဝင်းမှာ ပွဲချိန် ၆၄ မိနစ်၌ အဝါကတ်တစ်ကြိမ်နှင့် ၈၆ မိနစ်၌ အဝါကတ်နောက်တစ်ကြိမ် ပြသခံခဲ့ရသော်လည်း ပွဲအတွင်းဆက်လက် ကစားစေခဲ့သဖြင့် ယင်းပွဲမှ ကွင်းလယ်ဒိုင် ဦးဇော်ခိုင်ကိုလည်း ဒိုင်ကော်မတက  အရေးယူရန် စီစဉ်လျက်ရှိသည်။

ပုသိမ်မြို့ကျောက်တိုင်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ဧရာဝတီနှင့် ရတနာပုံအသင်းတို့သည် တစ်ဖက်နှင့်တစ်ဖက်အကြိတ်အနယ် ယှဉ်ပြိုင်ကစားပြီး ပွဲအပြီး၌ ရတနာပုံအသင်းက ၃-၅ ဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။

၂၀၁၆ ဘောလုံးရာသီတွင် ရတနာပုံအသင်းသည် ပွဲစဉ် ၁၂ ပြီးဆုံးချိန်၌ ရမှတ် ၃၂ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်နေပြီး ဧရာဝတီအသင်းမှာမူ ရမှတ် ၂၀ ဖြင့် အဆင့် ၄ နေရာတွင် ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required