သစ်တောဝန်ထမ်းများ အဂတိလိုက်စားမှုထိန်းချုပ်ရေးကိစ္စ ဝန်ထမ်းများ၏ တောင်းဆိုချက်ကို လွှတ်တော်၌ တင်ပြမည်

သစ်တောဝန်ထမ်းများ အဂတိလိုက်စားမှုထိန်းချုပ်ရေးကိစ္စ ဝန်ထမ်းများ၏ တောင်းဆိုချက်ကို လွှတ်တော်၌ တင်ပြမည်

ရန်ကုန်၊ မေ ၁၆ ။  ။ သစ်တောဝန်ထမ်းများ အဂတိလိုက်စားမှု ထိန်းချုပ်ရန် နှင့် ပပျောက်ရန် သစ်တောဝန်ထမ်းများမှ အချက် ၈ချက်ဖြင့် တောင်းဆိုခဲ့သည်။ 

ထိုတောင်းဆိုချက်အား ပြည်ထောင်စုဝန်ကြီး နှင့် ပြန်လည်ဆွေးနွေးပြီး လွှတ်တော်သို့ တင်ပြမည်ဟု မေ ၁၅တွင် ကျင်းပသော သစ်တောသယံဇာတ ရေရှည်တည်တံ့ရေး အလုပ်ရုံဆွေးနွေးပွဲ၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦညီညီကျော်က ပြောသည်။

အာဂတိလိုက်စားမှု ပပျောက်ရေးနှင့် ထိန်းချုပ်ရေးလုပ်ဆောင်ရာတွင် နိုင်ငံ့ဝန်ထမ်းများအား လုံလောက်သော လစာစရိတ်ထောက်ပံ့ပေးရန်၊ လာဘ်ပေးလာဘ်ယူ ပြုလုပ်သူ နှစ်ဖက်စလုံးအား ထိရောက်စွာအရေးယူရန်၊
ထိရောက်စွာတိုင်ကြားနိုင်သော စနစ်တစ်ခုတည်ထောင်ပေးရန်၊ ဌာန၏ မူဝါဒ၊ လုပ်ထုံး လုပ်နည်းများအား ထုတ်ပြန်ပြဌာန်းထားရန်၊ လုပ်ငန်းစဉ်အဆင့်ဆင့်များအား ဖြေလျော့ပေးရန်၊ သီးခြားလွတ်လပ်သော စောင့်ကြည့်သူများ အဖွဲ့ထားရှိ၍ ထိန်းချုပ်ပေးရန် အပါအဝင် အချက် ၈ချက်ကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။ 

သစ်လုပ်ငန်းနှင့် ပတ်သက်ပြီး အဂတိလိုက်စားမှုများတွင် အများစုမှာ ရာထူးကြီးသူများက ပိုများပြီး ထုတ်လုပ်ရောင်းချမှုအထိ ပြုလုပ်ကြောင်း နှင့် ရာထူးအငယ်ပိုင်းများက လိုင်းကြေးကဲ့သို့သော အပိုင်းများတွင် အဂတိလိုက်စားမှုရှိကြောင်း သစ်တောဝန်ထမ်းဟောင်းတစ်ဦးက ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။ 

ညွှန်ကြားရေးမှူးချုပ်ဦးညီညီကျော်က ဝန်ထမ်းများ ကိုယ်ကျင့်တရားထိန်းသိမ်းသင့်ကြောင်း ပြောဆိုခဲ့ပြီး ၎င်းအနေဖြင့် ဌာနတွင် လာဘ်ပေးလာဘ်ယူမှု ထိန်းချုပ်နိုင်ရန် ပထမအဆင့်အနေဖြင့် ရုံးခန်းများတွင် CCTVများ တပ်ဆင်ခြင်းဖြင့် စတင်နေပြီဖြစ်ကြောင်း ပြောသည်။ 

ယင်းအပြင် မေလ ၁၄ရက် နှင့် ၁၅ရက် နှစ်ရက်တာ ပြုလုပ်ခဲ့သည့် သစ်တောသယံဇာတ ရေရှည်တည်တံ့ရေး အလုပ်ရုံဆွေးနွေးပွဲမှ ရရှိသည့် ဆွေးနွေးမှုများကိုလည်း လွှတ်တော်တွင် တင်ပြ ဆွေးနွေးနိုင်သည်အထိ ဆောင်ရွက်သွားမည်ဟု ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required