အခွင့်အရေးကို ခုခံကာကွယ်ပေးသူများကို ချီးမြှင့်သည့် Front Line Defenders Award ဆန်ခါတင်စာရင်း၌ မဖြိုးဖြိုးအောင်ပါဝင်

အခွင့်အရေးကို ခုခံကာကွယ်ပေးသူများကို ချီးမြှင့်သည့် Front Line Defenders Award ဆန်ခါတင်စာရင်း၌ မဖြိုးဖြိုးအောင်ပါဝင်

ရန်ကုန်၊ မေ ၁၃ ရက် ။            ။ နိုင်ငံအတွက် အခွင့်အရေးကို အကြမ်းမဖက်ဘဲ မြှင့်တင်ပေးသော အခွင့်အရေးခုခံကာကွယ်ပေးသူများအတွက် ပေးအပ်သည့် The Front Line Defenders Award ဆု   နောက်ဆုံးဆန်ကာတင် ၆ဦးစာရင်းတွင် မြန်မာနိုင်ငံမှ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင် မဖြိူးဖြိုးအောင် ထိပ်ဆုံးတွင် ပါဝင်ခဲ့သည်။

အဆိုပါဆုကို နိုင်ငံပေါင်း ၅၃ နိုင်ငံ၏ အဆိုပြုချက် ၁၂၆ ချက်ကို ရရှိပြီးနောက် မဖြိုးဖြိုးအောင်က ဆန်ကာတင်စာရင်းတွင် ပါဝင်လာခြင်းဖြစ်သည်။

'နှစ်စဉ်နှစ်တိုင်း ကျွန်မတို့ရဲ့ နောက်ဆုံးဆန်ခါတင် ၆ဦးဟာ သူတို့ရဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ လူအခွင့်အရေးနဲ့ တရားမျှတမှုအတွက် ရုန်းကန်ရတယ်။ ပြီးတော့ အမျိုးမျိုးသောစွန့်စားမှုတွေနဲ့ ရင်ဆိုင်ရတယ်။' ဟု Front Line Defenders၏ စီမံခန့်ခွဲရေးဒါရိုက်တာ Mary Lawlorက ပြောသည်။

The 2016 Front Line Defenders Award for Human Rights Defenders at Risk ကို ဇွန်လ ၁၀ရက်တွင် Dublin's City Hall တွင် ကြေငြာမည်ဖြစ်သည်။

Front Line Defenders အဖွဲ့ကို အိုင်ယာလန်နိုင်ငံ Dublinမြို့တွင် ၂၀၀၁ မှစတင်ဖွဲ့စည်းခဲ့သည်။ ၎င်းတို့ရည်ရွယ်ချက်မှာ လူ့အခွင့်အရေးအတွက် အကြမ်းမဖက်ဘဲ ရင်ဆိုင်သူများကို ကာကွယ်လိုခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required