ယင်းမာပင်မှာအရပ်သား ၆ ဦးကို စစ်ကောင်စီ ရိုက်နှက်သတ်ဖြတ်ပြီး သိန်း ၁,၀၀၀ကျော်တန်ဖိုးရှိ ရွှေနဲ့ငွေကြေး‌တွေလုယက်သွား (ရုပ်သံ)

By မောင်ခက်နွေ (မဇ္ဈိမ) 
18 October 2023
ယင်းမာပင်မှာအရပ်သား ၆ ဦးကို စစ်ကောင်စီ ရိုက်နှက်သတ်ဖြတ်ပြီး သိန်း ၁,၀၀၀ကျော်တန်ဖိုးရှိ ရွှေနဲ့ငွေကြေး‌တွေလုယက်သွား (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့၊သဲကုန်းကျေးရွာမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူ ခြောက်ဦးကို ရိုက်နှက်သတ်ဖြတ်သွားတဲ့အပြင် ဒေသခံတွေရဲ့ ကျပ်သိန်း ၁,၀၀၀ကျော် တန်ဖိုးရှိတဲ့ ရွှေတွေနဲ့ ငွေကြေးတွေကို  ယူဆောင်သွားတယ်လို့ ဒေသခံတွေက မဇ္ဈိမကို ပြောပါတယ်။

အရပ်သားတွေကို ရက်ရက်စက်စက်စက် ရိုက်နှက်သတ်ဖြတ်သွားတာလို့ ယင်းမာပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးကပြောပါတယ်။

ဒီသတင်းအကြောင်းအရာအပြည့်အစုံကိုတော့ မဇ္ဈိမရဲ့ ဝိုင်းတော်သား ခက်နွေက တင်ဆက်ပေးထားပါတယ်။ 

တင်ဆက်/တည်းဖြတ် - မောင်ခက်နွေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required