နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၈ အောက်တိုဘာ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၈ အောက်တိုဘာ၂၀၂၃) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • မြန်မာအကြမ်းဖက်စစ်တပ်ကို လက်နက်နှင့် ဆက်စပ်ပစ္စည်များရောင်းချနေမှုကို ရပ်တန့်ပေးရန်နှင့် နိုင်ငံတကာအသိုက်အဝန်းအနေနှင့် နျူကလီးယားဓာတ်ပေါင်းဖိုတည်ဆောက်ရန် ရည်ရွယ်နေသော မြန်မာစစ်တပ်ကို သေချာ စောင့်ကြည့်သင့်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စား လှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကတိုက်တွန်းသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ရဲတပ်ဖွဲ့ နဲ့ စစ်ကိုင်း/မကွေးပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအမှတ်စဉ် (၄၁/၂၀၂၃) ကို အောက်တို ဘာ ၁၇ ရက် နံနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော် မတီနှင့် ရန်ကုန်တိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲ အစည်းအဝေး (၂၀/၂၀၂၃)ကို အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

  • မြန်မာ့အရေးကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ ပိုမိုအလေးထားလုပ်ဆောင်လာရန် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တိုက်တွန်း လိုက်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ နယ်စည်းမခြား ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်းရဲ့ တပ်ခွဲ၁ ဖြစ်တဲ့ Infinite Revolution Forceမှ AK 47 ထုတ်လုပ်နိုင်ခဲ့ကြောင်း  ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်းမှ အောက်တိုဘာ ၁၅ ရက်စွဲ နဲ့ ထုတ်ပြန် ထားသည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်၌ ဖြစ်ပွားခဲ့သော နိုင်ငံရေးအကျဥ်းသားများ အစာအငတ်ခံ ဆန္ဒပြမှုဖြစ်စဥ် နောက်ဆက်တွဲအဖြစ်သပိတ်​ခေါင်း​ဆောင် ကို​ဝေမိုးနိုင်နိုင်ငံရေးအကျဥ်းသား ၂၆ ဦးနှင့် အကျဥ်းထောင်ဝန်ထမ်း ၈ ဦးကို စစ်ကောင်စီက အရေးယူထားကြောင်း မုံရွာမြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ပြောကြားသည်။ 

  • ယင်းမာပင်နှင့် ပုလဲမြို့နယ် အစပ်တွင် အောက်တိုဘာလ ၁၅ရက်က ဖြစ်ပွားသော တိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်တွင် ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက​ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မုံသွင်ကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂၀ ထက်မနည်း သေဆုံးခဲ့​ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း ၂၀ ရိုးမရာဇာတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • ဧရာဝတီတိုင်းတွင် မြို့နယ်အလိုက် ပြည်သူ့စစ်ဖွဲ့စည်းမှုများနှင့် စုဆောင်းမှုများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဦးဆောင်၍ ပြုလုပ်နေကြောင်း ဒေသတွင်းတော် လှန်ရေးအင်အားစု များထံမှ သိရသည်။ 

  • မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်၊ အနောက်ရပ်ကွက်၊ ရာအိမ်မှူး ဦးသန်းမင်းသည် ယနေ့အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများက မဇ္စျိမကို ပြောသည်။ 

  • မန္တလေးမြို့တွင် လုံခြံရေးတင်းကျပ်ထားသည့်ကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေး စာရွက်များကို အောက်တိုဘာ ၁၇ရက်၊ ညနေပိုင်း၌ မန္တလေးသပိတ်အင်အားစုက ကြဲဖြန့်ခဲ့ကြောင်း သိရသည်။ 

  • မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တွင် ယောက္ခမဖြစ်သူ နေအိမ်တိမ်းရှောင်နေသည့် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ 

  • ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် လူသားချင်းစာနာမှု အထောက်အပံ့အဖြစ် နောက်ထပ် စတာလင်ပေါင် ၄ ဒသမ ၅ သန်း (ဒေါ်လာ ၅ ဒသမ ၅ သန်း) ထောက်ပံ့မည် ဖြစ် ကြောင်း ဗြိတိန်က အောက်တိုဘာ ၁၇ ရက်တွင် ကြေညာသည်။ 

  • တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က မြို့ခံအမျိုးသမီးတဦးကို စစ်ကောင်စီက ပုဒ်မ ငါးခုဖြင့် ထောင်ဒဏ် ၄၄ နှစ် ချမှတ်လိုက်ကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်(DPPN) က အောက်တိုဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

  • ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ် (၄) ရပ်ကွက်ရှိ မြဝတီခရိုင် ပြည်သူ့ဆေးရုံမှ ဝန်ထမ်းတဦး ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံက သတင်းရရှိသည်။ 

  • မွန်ပြည်နယ်၊ ရေးမြို့နယ် ကမ်းနားဈေးရှိ ဖူးကော်ဖီဆိုင်တွင် မနက်စာစားနေသည့် ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ငါးဦးစီးမှူး ဦးဇော်နိုင်လင်းကို ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၇နာရီခွဲအချိန်၌ ရေးဘီလူးအဖွဲ့မှ ပစ်ခတ်ခဲ့ပြီး နေရာတွင် သေဆုံးခဲ့ကြောင်း ရေဘီလူးအဖွဲ့ ခေါင်းဆောင်နှင့် ဒေသခံများထံမှ သိရသည်။ 

  • ရန်ပုံငွေ အခက်အခဲနှင့် မြန်မာနိုင်ငံသို့ ဘေးကင်းစွာ ပြန်ရေးအတွက် ရေရှည်ဖြေရှင်းမှု ချို့တဲ့ခြင်း ကြား ရိုဟင်ဂျာဒုက္ခသည်များ၏ အကျပ်အတည်းပေါ် နိုင်ငံတကာအသိုင်း အဝိုင်းအနေဖြင့် ဆက်လက်ဦးတည်ချက်ထားရန် ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက အင်္ဂါနေ့တွင် တိုက်တွန်းသည်။ 

  • မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ပြည်သူများ​၏ ပစ္စည်းများအား အဓမ္မသိမ်းယူပြီး လှည်းဖြင့် သယ်ဆောင်လာသော စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့-ရေစကြိုက သတင်းထုတ်ပြန်သည်။ 

  • ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ပဲခူးရိုးမအစပ်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်နေသော စစ်ကောင်စီတပ်ကို တစ်ရက်တည်း သုံးကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံး ကြောင်း သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ-(Phoniex DF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  •  

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ကေအဲန်ယူ - ကရင်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ် နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ လယ်ဒိုမြို့နယ်အတွင်း အကြမ်းဖက်စစ်‌ကောင်စီက ဂျက်တိုက် လေယာဥ် များနှင့် လေကြောင်းမှ ‌ဗုံးကြဲတိုက်ခိုက်မှု (၆)ကြိမ်၊ စက်သေနတ်များနဲ့ ပစ်ခတ်မှု (၆)ကြိမ်ပြုလုပ် ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

  • ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် အရပ်သားပြည်သူရှိရာနေရာများကို စစ်ကောင်စီတပ်​က လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက အောက်တို ဘာလ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

  • ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှ စစ်ကောင်စီတပ်စခန်းကုန်းတခုကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ များက ယနေ့(အောက်တိုဘာလ ၁၈ရက်) နံနက်အစောပိုင်းတွင် တိုက်ခိုက်သိမ်းပိုက် လိုက်ကြောင်း KIA သတင်းရင်းမြစ်များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သတင်းရရှိသည်။ 

  • အွန်လိုင်းငွေလိမ်လုပ်ငန်းကို ဦးဆောင်ပြုလုပ်သည်ဟုဆိုကာ “ဝ”ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) မှ အရာရှိနှစ်ဦးကို ရာထူးမှ ထုတ်ပယ်လိုက် ကြောင်း "ဝ" ပြည်သွေးစည်းညီ ညွတ်ရေးပါတီ(UWSP) သတင်းထုတ်ပြန်သည်။ 

  • တပ်ရင်းဖွဲ့စည်းမှု (၂)နှစ်ပြည့်အထိမ်းအမှတ် အဖြစ် ထောက်ပို့တပ်သား ၂,၀၀၀ ခေါ်ယူကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ်တပ်ရင်း (၁၁)ဖယ်ခုံဇုန်မှ တာဝန်ရှိသူက ပြောသည်။ 

စစ်ကောင်စီ 

  • ပဲခူးတိုင်း၊ သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တွင် ရဲစခန်းမှ ဆက်ကြေးယူ၍ ရဲနှင့် ပျူစောထီးများ ဦးဆောင်ကျင်းပသော လောင်းကစားဝိုင်းအား စစ်ကောင်စီတပ်မှ ဝင်ရောက်ဖမ်းဆီးပြီး ဖမ်းဆီး ခံရသူများကို တဦးလျှင် ငွေကျပ် ၃၀၀,၀၀၀ ကျပ်နှုန်းဖြင့် ပြန်ရွေးခိုင်းနေကြောင်း ဒေသခံများ ထံမှသိရသည်။ 

  • မန္တလေးမြို့တော် ဈေးချိုမှာ ဆိုင်ကယ်ဘေးတွဲမောင်းသည့် ဆယ်ကျော်သက်လူငယ်တစ်ဦးကို စည်ပင်ဝန်ထမ်းများက ဖမ်းဆီးပြီး ရိုက်နှက်ရာမှာ သေဆုံးသွားကြောင်း ဈေးသည်များ၏ ပြောဆိုချက်ကို ကိုးကား၍ People Spring တွင်သတင်းဖော်ပြထားသည်။ 

  • အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့ရသည့် စက်ရုံများပြန်လည်လည်ပတ်နိုင်ရေးသည် အလွန် အရေးကြီးတာဖြစ်ပြီး ရပ်ဆိုင်းထားသည့် စက်ရုံများပြန်လည် လည်ပတ်နိုင်ရေး ကြိုးစား ကြရမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ပြောသည်။ 

  • မြန်မာ - တရုတ် စီးပွားရေး စင်္ကြံလမ်း စာချွန်လွှာအရ ယူနန်လုပ်ငန်းရှင်များ မြန်မာနိုင်ငံ၏ စွမ်း အင် နှင့် သတ္တုကဏ္ဍ နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန် အစီအစဉ်ရှိကြောင်း ကုန်သည် စက်မှုအသင်းချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ 

  • ပြည်ပလုပ်သားများနှင့် သင်္ဘောသားများ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပါမှ ပတ်စ်ပို့ သက်တမ်း တိုးပေးမည်ဟု မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။ 

အောက်တိုဘာ ၁၈ ရက် သုံးသပ်ချက် 

  • ပြည်သူ့အစိုးရလက်ထက်က နိုင်ငံတော်အကျိုးအမြတ်မရရှိဘဲ ဘဏ္ဍာငွေဖြုန်းတီးမှုရှိနေသည့် စက်ရုံ များကို ရပ်နားထားရာ စစ်ကောင်စီမှ ပြန်လည်ပတ်ရန် ကြိုးပမ်းနေခြင်းသည် ကိုယ်ကျိုး စီးပွားအတွက် လည်ပတ်ခြင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ 

  • စစ်ကောင်စီတပ်များသည် ယနေ့ရရှိသည့်အချက်အလက်များအရ နိုင်ငံအနှံ့တိုက်ပွဲများတွင် သေဆုံးမှုများ ရှိနေကာ စခန်းကုန်များ သိမ်းခံနေရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required