အနန့်ပါဒေသကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြန်

အနန့်ပါဒေသကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြန်
ပုံအညွှန်း-စစ်ကောင်စီတပ်က အနန့်ပါဒေသကိုပထမအကြိမ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်စဉ်က ပျက်ဆီးသွားသည့်နေရာ။

ကချင်ပြည်နယ်၊ KIA တပ်မဟာ (၉)နယ်မြေဖြစ်သည့် ကံဆီးဒေသ(အနန့်ပါဒေသ)ကို စစ်ကောင်စီတပ်က ယနေ့ အောက်တိုဘာလ ၁၆ ရက် ညနေပိုင်းအချိန်တွင် ဂျက်ဖိုက်တာ နှစ်စီးဖြင့်  လေကြောင်းဗုံးကြဲတိုက်ခိုက်သည့်အတွက် ထိခိုက်သေဆုံးမှုရှိသည်ဟု ကချင်ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။

"လေယာဥ်နှစ်စီးနဲ့ လာပစ်သွားတာတော့ ဟုတ်ပါတယ်။ အသေးစိတ်အခြေအနေကို ကျနော်တို့လည်း မေးနေတုန်းပဲ။  ထိခိုက်သေဆုံးမှု ရှိတယ်လို့တော့ ပြောလာတယ်"ဟု ကေအိုင်အေတပ်မဟာ(၉)နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

တိုက်ခိုက်မှုဖြစ်စဥ်နှင့် ထိခိုက်သေဆုံးမှုအခြေအနေအသေးစိတ်ကို မဇ္ဈိမ၏မြေပြင်သတင်းအဖွဲ့က ဆက်သွယ်စုံစမ်းနေဆဲဖြစ်သည်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ (၉) ထိန်းချုပ်ရာ အနန့်ပါဒေသကို ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ ၂၃ရက် ညပိုင်းအချိန်တွင် စစ်ကောင်စီတပ်က လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ဗုံးကြဲခဲ့ရာ အရပ်သားပြည်သူ သုံးဆယ်ကျော် သေဆုံးသည့်ဖြစ်ရပ် ဖြစ်ပွါးခဲ့သေးသည်။

စာတည်း ။      ။ ဖူးသိမ်ကျ

#ကချင်ပြည်နယ်
#KIA
#စစ်ကောင်စီတပ်
#လေကြောင်းတိုက်ခိုက်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly